23+24

3.2K 405 2
                                    

စာစဉ် - ၁ / အခန်း - ၂၃+၂၄

အခန်း - ၂၃

ဘာသာပြန်သူ - Emily (KKMJPKJL)

ထန်ဝမ်စကားပြောပြီးသွားတော့ ထန်ယိထုံက သူ့ရဲ့မျက်လုံးနက်နက်တွေနဲ့ ထန်ဝမ်ကိုကြည့်ကာ စိတ်ထဲကနေ
*ငါက နင့်မောင်လေးအရင်း မဟုတ်ဘူး။ နင်ငါ့ကို အခုလိုကြင်နာသလိုမျိုး ဘဝတစ်လျှောက်လုံးကြင်နာပေးရင် ပိုကောင်းမယ်*

ပြီးတော့ သူ နူးညံ့တဲ့အသံနဲ့ ထန်ဝမ်ကိုပြန်ပြောလိုက်သည်။
"မီးဖိုချောင်ထဲ ဘာရှိလဲသွားကြည့်ပြီး တစ်ခုခုစားဖို့ချက်ပေးမယ်"

"ကောင်းတယ်! မြန်မြန်သွား"
ထန်ဝမ်က ပြန်ပြောရင်း ဆိုဖာပေါ်လှဲချကာ ဖုန်းနဲ့ဂိမ်းဆော့နေလိုက်သည်။

ခဏကြာတော့ မက်ဆေ့တစ်ခုဝင်လာသည်။

ထန်ဝမ်စုန့်က ဒေါ်လာ5မီလီယံကို ပျော်ပျော်ရွှင်ရွှင်ပဲ လွှဲပေးလာတာကို မြင်တော့ နှာခေါင်းရှုံ့လိုက်ကာ
"ဟမ့် ငါ့ရှယ်ယာတွေကို ပေးမယ်လို့ ပြောလိုက်တာနဲ့ ချက်ချင်းကို ပိုက်ဆံလွှဲပေးလိုက်တာပဲ!"

ချစ်စရာလေးက ဒေါသထွက်နေတဲ့အသံနဲ့ပေါ်လာကာ
/ဟုတ်တယ်! သူက မင်းအဖေမဖြစ်သင့်ဘူး!/

သမီးဆီကနေ အမြတ်ထုတ်တဲ့အဖေ ဘယ်မှာရှိလို့လဲ? ငါကတော့ ဒီလိုမဟုတ်ဘူး!

/ဘာတွေ ဒေါသထွက်နေတာလဲ? နောက်နှစ်နှစ်လောက်ကြာရင် ထန်မိသားစုရဲ့ရှယ်ယာတွေကို ဘယ်သူက စိတ်ဝင်စားဦးမှာလဲ?/
ထန်ဝမ်က ဂုဏ်ယူစွာပြောသည်။

အရင်ဘဝက သူမ 1ဘီလီယံထက် ပိုမသုံးခဲ့ပေ။ အဲဒါတွေကိုစုထားပြီး ရှယ်ယာတွေလိုက်ထည့်ပြီးနောက် သုံးနှစ်အကြာမှာ တရုတ်နိုင်ငံရဲ့အခြားသာဆုံးအမျိုးသမီးဖြစ်လာသည်။

သူမ တွဲခဲ့ဖူးတဲ့ ယောက်ျား 99ယောက်ကလည်း ပိုက်ဆံကြောင့် တွဲတာပဲဖြစ်သည်။ ဒါပေမဲ့ သနားစရာကောင်းတာက သူတို့ ပိုက်ဆံဘယ်လောက်လဲလိုချင်လိုချင် သူတို့ရဲ့ကံကြမ္မာကို သူတို့ မဆန့်ကျင်နိုင်ကြ။ အဆုံးသတ်မှာ တစ်ပြားမှမရပဲ သူတို့ဘာသာ အခြားသူတွေနဲ့ လက်ထပ်သွားကြတော့သည်။

သူမကို မင်္ဂလာပွဲမှာ တစ်ယောက်တည်းထားပစ်ခဲ့တဲ့ စွန်းဝူဆိုတဲ့ တစ်ကောင်ကလွဲပြီးတော့ပေါ့။ ပြန်လည်မွေးဖွားပြီးရင်တော့လား အဲကောင်ကို သတ်ပစ်ရမယ်!

ကျွန်မရဲ့ဗီလိန်ယောက်ျားWhere stories live. Discover now