127+128

984 132 2
                                    

စာစဉ် - ၆/ အခန်း - ၁၂၇+၁၂၈

အခန်း - ၁၂၇

ထန်ဝမ် ခေါင်းညိမ့်လိုက်သည်။ ချစ်စရာလေးပြောတာမှန်သည်။ အခုချိန်မှာ သေသေချာချာကြိုးစားလေ့ကျင့်ထားရင် နောက်ကျ လွယ်ကူသွားလိမ့်မည်။ ဒါ့အပြင် သူမရဲ့တကယ့်ကမ္ဘာကိုပြန်ရောက်ရင် ဒီစွမ်းရည်တွေက အသုံးဝင်လာနိုင်သည်။ ပြီးတော့ ပြိုင်ပွဲတွေလည်းဝင်ပြိုင်နိုင်သေးတယ်လေ။

ထန်ဝမ် ချက်ချင်း စိတ်တွေပြင်းပြလာသည်။ ထန်ဝမ် လယ်ဗယ် ၁၂၀အထိရောက်အောင် ဆက်လေ့ကျင့်ပြီးနောက် အိပ်ရာပေါ်အိပ်ပျော်သွားခဲ့သည်။

နောက်တစ်နေ့မနက်ရောက်တော့ လျှိုရှုထုံက သူမကိုလာကြိုသည်။ ထန်ဝမ် အပြင်ထွက်လာတော့ အမွှေးပွလေးကလည်း လိုက်ထွက်လာခဲ့သည်။

ခွေးလေးက ထန်ဝမ်သွားမယ့်နေရာကို လိုက်စပ်စုချင်တာဖြစ်သည်။ ဒါပေမဲ့ လျှိုရှုထုံကိုလည်းမြင်ကော ကြောက်လို့ ထန်ဝမ်အနောက်မှာ ဝင်ပုန်းနေလေရဲ့။ ပါးစပ်ကလည်း ဝုတ် ဝုတ်နဲ့ အသံတိုးတိုးလေးထွက်ကာ အီလို့။

ဒီတော့ ထန်ဝမ်ကပဲ ခွေးလေးကိုချီကာ လျှိုရှုထုံဆီခေါ်လာခဲ့သည်။ လျှိုရှုထုံကတော့ ချက်ချင်းကိုတောင့်သွားခဲ့သည်။

ဒါပေမဲ့ ထန်ဝမ်က သူ့ကိုကြည့်ကာ နူးညံ့တဲ့အသံလေးနဲ့ စကားပြောတာကိုကြားလိုက်ရသည်။

"ထုံထုံ ချစ်စရာလေးက နင့်ကို အရမ်းကြိုက်တဲ့ပုံပဲ။ ဖက်ထားပေးလိုက်"

ထိုစကားကိုကြားတော့ ချစ်စရာလေးတစ်ယောက် ဒေါပွတော့သည်။
/host မင်း ဘယ်သူ့ကိုခေါ်တာလဲ/ ငါက မင်းရဲ့ချစ်စရာလေးလေ။

/စိတ်လျော့။ ဒါက နာမည်တစ်ခုကိုပဲခေါ်လိုက်တာလေ။ လျှိုရှုထုံကလည်း ငါ့ကို ချစ်စရာလေးလို့ ခေါ်ဖူးတာပဲ။ နင် ဘာလို့ အရမ်းစိတ်လှုပ်ရှားနေရတာလဲ။ ငါ နင့်ကိုဆဲတာမဟုတ်ပါဘူး/

ချစ်စရာလေး - /တကယ်လား/

/နင် ဘာပြောချင်တာလဲ။ ငါက ငါ့ကိုယ်ငါ ခွေးလို့ခေါ်စရာလား/

ချစ်စရာလေး လက်ခံသွားသည်။

"ဝမ်ဝမ် မင်းခွေးက ကိုယ်ဖက်တာခံချင်နေပုံမရဘူးနော်"

ကျွန်မရဲ့ဗီလိန်ယောက်ျားWhere stories live. Discover now