143+144

758 72 2
                                    

စာစဉ် - ၆/ အခန်း - ၁၄၃+၁၄၄

အခန်း - ၁၃၄

ဆရာပြောတာကိုကြားတော့ အတန်းထဲက တစ်ယောက်က ထမေးလိုက်သည်။
"ဆရာ သူ့အဆင့်က သူများဆီက ကူးချထားလို့ရတာမဖြစ်နိုင်ဘူးလား။ ကျွန်တော်တို့ သူ ပထမနေရာရတယ်ဆိုတာကို မယုံနိုင်ပါဘူး"

ဆရာက ကျောင်းသားပြောတာကို နားထောင်ပြီးတော့ နှာခေါင်းရှုံ့လိုက်ကာ သင်ပုန်းပေါ်မှာ သင်္ချာပုစ္ဆာမေးခွန်းတစ်ခုကို ရေးချလုက်သည်။
"ဒီမေးခွန်းကို ၁၀မိနစ်အတွင်း ဖြေနိုင်တဲ့သူ ဘယ်နှယောက်ရှိလဲ"

သူပြောလိုက်တော့ ကျောင်းသားအားလုံးက ကျောက်သင်ပုန်းကိုကြည့်ကာ တွက်ချက်တော့သည်။ ၁၁၀မိနစ်ကျော်သွားတဲ့အထိ လက်ထောင်တဲ့ကျောင်းသားက နှစ်ယောက် သုံးယောက်သာရှိသည်။ ဒါကိုကြည့်ကာ ဆရာက

"ဒီမေးခွန်းကို လျှိုရှုထုံက ဘယ်နှမိနစ်နဲ့ဖြေသွားလဲ သိလား"
ဆရာကမေးပြီး သူပဲလက်ညှိုးနှစ်ချောင်းထောင်ပြကာ
"နှစ်မိနစ်တောင်မပြည့်လိုက်ဘူး။ မင်းတို့သင်္ချာဆရာရှေ့မှာ ဖြေပြသွားတာကွ!"

ဆရာပြောလိုက်တော့ အတန်းထဲကလူအားလုံး တိတ်ဆိတ်သွားတော့သည်။ သင်္ချာဆရာရှေ့မှာဆိုတော့ လျှိုရှုထုံ ခိုးချဖို့က မဖြစ်နိုင်ဘူးလေ။ ဒီတစ်ကြိမ် ပထမရသွားတာက သူ့အားသူကိုးတာ ဖြစ်နိုင်တာပဲ။

ကျန်းဟွမ် ဆရာပြောတာကိုနားထောင်ရင်း ခေါင်းငုံ့ကာ ဘောပင်ကိုင်ထားတဲ့လက်ကို တင်းတင်းဆုပ်လိုက်သည်။ လင်းဝမ်လည်း မျက်နှာမဲ့ရွဲ့ကာ စကပ်အနားစကို တင်းတင်းဆုပ်ကိုင်လိုက်သည်။

ဘယ်လိုဖြစ်နိုင်မှာတဲ့လဲ?

ဘာလို့ အဲဒီ***က ရုတ်တရက် စိတ်ကိုပြောင်းလိုက်ပြီး အရမ်းတော်သွားရတာလဲ။

လင်းဝမ်မယုံနိုင်ဘူးဆိုပေမယ့် အမှန်တရားကို ပြောင်းလဲလို့မရဘူးလေ။ အဲဒီဂန်းစတားလိုလိုကောင်က သူမထက်တော်တယ်ဆိုတာကို သူမ ဘယ်တော့မှ ဝန်ခံမှာမဟုတ်ဘူး။

ထိုအချိန် လျှိုရှုထုံက စိတ်ရှည်လက်ရျည်နဲ့ ထန်ဝမ် အတွက်မှားနေတဲ့ ပုစ္ဆာကိုရှင်းပြနေသည်။ ထန်ဝမ်ကတော့ ထုံးစံအတိုင်း စာတွေကိုမှားတွက်ကာ လျှိုရှုထုံရှင်းပြသမျှကို ပျော်ပျော်ပြီး နားထောင်နေသည်။

ကျွန်မရဲ့ဗီလိန်ယောက်ျားWhere stories live. Discover now