77+78

2.5K 329 1
                                    

စာစဉ် - ၄ /အခန်း - ၇၇+၇၈

အခန်း - ၇၇

ဘာသာပြန်သူ - Emily (KKMJPKJL)

သူမရဲ့မျက်နှာဖုံးကို ဖုန်းချီထုံရဲ့အရှေ့မှာ သူမကိုယ်တိုင် ခွာချပြလိုက်ပြီဆိုတာကို ထန်ဝမ် မသိပေ။ ဖုန်းချီထုံရဲ့နှစ်သက်မှုက 80ကျော်သွားပြီဆိုတာကို သိလိုက်ရတော့ သူမမျက်လုံးထဲမှာ ဖုန်းချီထုံက ပိုပြီးနှစ်သက်စရာကောင်းလာသည်။

ဒီလူက သူမကို တကယ်အလိုလိုက်ပြီး သူမကလည်း အိပ်ရာပေါ်က သူ့ရဲ့အကျိုးအကြောင်းမဆင်ခြင်မှုတွေကို အသားကျနေပြီ။

ထိုက်တန်ပါတယ်။ သူမက သူ့ရဲ့အားနည်းချက်ဖြစ်လာပြီလေ။

နောက်ဆို သူမအနေနဲ့ ဖုန်းချီထုံကို ဒဏ်ရာရအောင်လုပ်မိရင်တောင်မှ သူက သူမကို သတ်မှာကို မစိုးရိမ်ရတော့ပေ။ ထိုအကြောင်းကိုတွေးမိတော့ ထန်ဝမ် သူ့ရဲ့မျက်လုံးတွေကို စိုက်ကြည့်လိုက်မိသည်။

ဒါပေမဲ့ သူမမျက်ဝန်းအိမ်မှာရောင်ပြန်ဟပ်ကာပေါ်နေတဲ့ ဖုန်းချီထုံရဲ့ပုံတွေက အရမ်းကိုချိုမြိန်နေတယ်ဆိုတာကိုတော့ သူမ မသိလိုက်ပေ။

ဖုန်းချီထုံ လည်စလုတ်လှုပ်ရှားသွားကာ ကိုယ်တွင်းက ဆန္ဒတွေကို ချိုးနှိမ်လိုက်ရင်း ထန်ဝမ်ရဲ့လက်ကို ဆုပ်ကိုင်ပြီး သြရှရှအသံနဲ့
"သွားကြမယ်။ အိမ်ပြန်ကြစို့"

"အင်း"
ဖုန်းချီထုံရဲ့အမူအရာကို မခန့်မှန်းမိပဲ ထန်ဝမ်ကတော့ ပျော်ရွှင်စွာပဲ ခေါင်းညိမ့်လိုက်သည်။

အိမ်ရှေ့မင်းသားစံအိမ်ကိုပြန်ရောက်တော့ ဖုန်းချီထုံ လှည်းထဲကနေ ထန်ဝမ်ကို အိပ်ဆောင်အရောက် တိုက်ရိုက်ဆွဲပွေ့ချီဆောင်သွားသည်။

သူ့ရဲ့ပုံစံကိုမြင်တော့ ထန်ဝမ် မကောင်းတာတွေ ခံစားမိလာသည်။

"ယောက်ျား ဖြေးဖြေး. မဟုတ်ရင်လည်း ကျွန်မကို အောက်ချပေးလေနော်။ ကျွန်မဘာသာ သွားနိုင်ပါတယ်"
ထန်ဝမ် နည်းနည်းလန့်နေသည်။

ဒီပုံစံကြီးက…အဆင်ပြေနေတဲ့ပုံမပေါ်ဘူး။

ထန်ဝမ်ရဲ့စကားကိုကြားတော့ သူကခြေလှမ်းတွေကို မရပ်တန့်ပစ်ပဲ သူမကို ငုံ့ကြည့်လာကာ ပြုံးပြလာသည်။
"ကြင်ယာတော်ရဲ့အင်အားတွေကို ချွေတာထားသင့်တယ်။ ဒါမှ အိပ်ရာပေါ်မှာ ပိုကောင်းမှာ"
ဖုန်းချီထုံ ပိုပိုပြုံးလာသည်။

ကျွန်မရဲ့ဗီလိန်ယောက်ျားWhere stories live. Discover now