59+60+61+62

3.5K 387 14
                                    

Paid gp 1 ပြီးသွားပါပြီ❤

စာစဉ် - ၃ /အခန်း - ၅၉+၆၀

အခန်း - ၅၉

ဘာသာပြန်သူ - Emily (KKMJPKJL)

ပုံထဲမှာ သူက သူမရဲ့နီရဲနေတဲ့မျက်နှာကို နမ်းနေတာကိုကြည့်ရင်း ထန်ဝမ့်နှလုံးသားလေးက ရှက်သွေးကြွလာသည်။

ချီးပဲ!

သူက ဘယ်လိုလုပ်ပြီး ရုပ်ရည်လေးနဲ့ ပြီးပြည့်စုံနေရတာလဲ?

သူမ ဒီမျက်နှာလေးကို အပြစ်မဆိုရက်ပေ။ အု! အရမ်းကိုခန့်ညားတာပဲ!

ထန်ဝမ် စိတ်လှုပ်ရှားနေတာကိုမြင်တော့ ချစ်စရာလေး ပြောစရာစကားမဲ့သွားရသည်။
/စိတ်လျော့! စိတ်ကို ဘယ်လိုလျော့ရမလဲဆိုတာကိုရော သင်ပေးရဦးမှာလား? ဒါလေးကိုတောင် ရူးမတတ်ဖြစ်နေတာ သူ့ထက် ပိုချောတဲ့လူကိုတွေ့ရင် မင်း ရူးသွားတော့မှာလားပဲနော်?/

/သူ့ထက် ပိုပြီးကြည့်ကောင်းတဲ့သူဆိုတာ ရှိတော့မှာမဟုတ်ဘူး! သူသာ စိတ်ကောင်းစေတနာကောင်းလေးရှိရင် အပြီးပြည့်စုံဆုံးလူဖြစ်မှာပဲ/

ချစ်စရာလေးက ပြုံးလိုက်ကာ
/အိုး! အရင်က ငါ သူမကို သစ္စာဖောက်ခဲ့တယ်လို့ ဘယ်သူကပြောလဲ? အခြားသူတွေအတွက် သူက သွေးအေးတယ်ဆိုပေမဲ့ မင်းအတွက်ကတော့ သူ့ကိုလေ့ကျင့်ပေးလို့ရတယ်။ ပြီးပြည့်စုံတဲ့ ခင်ပွန်းကောင်းတစ်ယောက်ဖြစ်အောင်လေ/

ထန်ဝမ် မျက်လုံးပင့်ကြည့်လာကာ
/ကောင်းတယ်!/

ထန်ဝမ် ချစ်စရာလေးပေးတဲ့ ပေါက်ကွဲတော့မတတ်နမ်းနေတဲ့ ပုံတွေကိုကြည့်ကာ ဖုန်းချီထုံကို ဘယ်လိုတိုက်ခိုက်ရမလဲဆိုတာကို တွေးနေလိုက်သည်။

မနေ့ညက သူတို့ကြားမှာ နှီးနှောမှုတစ်ခုရှိလိုက်ယုံနဲ့တင် သူ့ရဲ့နှစ်သက်မှုက အရမ်းမြင့်တက်လာခဲ့သည်။ ဒါပေမဲ့ ရုပ်ပိုင်းဆိုင်ရာထိတွေ့မှုသက်သက်က ခံစားချက်တွေအပေါ် မသက်ရောက်ရင် သူမရဲ့မစ်ရှင်ဘားက ပြည့်မှာမဟုတ်တော့ဘူး။

ဒါပေမဲ့ ဒီမနက်က အခြေနေကိုပြန်တွေးရရင်လည်း ဖုန်းချီထုံက သူမကို ဖက်ရတာကို အရမ်းကြိုက်နေပုံပဲ။ ဒီလိုအခြေနေကို နည်းနည်းပိုနက်နဲလိုက်ရင် ပိုကောင်းမယ်ထင်တယ်။

ကျွန်မရဲ့ဗီလိန်ယောက်ျားWhere stories live. Discover now