5+6

4.4K 426 2
                                    

စာစဉ် - ၁ အခန်း - ၅+၆

အခန်း - ၅

ဘာသာပြန်သူ - Emily (KKMJPKJL)

အခု သူမအရှေ့မှာရှိနေတဲ့ ဗီလိန်က အနာဂတ်မှာ အရာအားလုံးကိုဖျက်စီးပစ်မယ့်လူဖြစ်သည်။ ဒါပေမဲ့ အခုလက်ရှိ သူကတော့ လမ်းဘေးကသစ်ရွက်ခြောက်လို အရမ်းအားနည်းပြီး သနားစရာကောင်းနေသည်။ ပြီးတော့ သူမဆီကနေပြီး အနိုင်ကျင့်ခံနေရသည်။

မူလကိုယ်ရဲ့ကံကြမ္မာကိုတွေးမိတော့ ထန်ဝမ် ထန်ယိထုံကိုကြည့်မိသွားသည်။ သူမအခုနေ ပြန်တောင်းပန်ရင် အရမ်းများနောက်ကျသွားပြီလားဟင်?

ထန်ဝမ် ဒီလိုတွေးလိုက်တော့ ချစ်စရာလေး က
/တင်! မစ်ရှင်လာပါပြီ! ဗီလိန်ထန်ယိထုံရဲ့ကံကြမ္မာကို ပြောင်းလဲပါ။ သူ့ကို လမ်းမှားမရောက်ပါစေနဲ့။ မစ်ရှင်အောင်မြင်ရင် အမှတ်100ရပြီး လက်ဆောင်အသစ်တစ်ခုရပါမယ်!

သူမ ချက်ချင်းပြန်မေးလိုက်သည်။
/မစ်ရှင်အောင်မြင်တာတော့ဟုတ်ပါပြီ။ ဒါပေမဲ့ ငါ့ရဲ့အနာဂတ်ယောက်ျားရော? နင်နဲ့ချည်နှောင်ပြီးရင် ငါ့အတွက် အမျိုးအစားမတူတဲ့ ယောက်ျားတွေရှာပေးမယ်ပြောထားတယ်မလား?/

ချစ်စရာလေးက တွေဝေမနေပဲ ပြောသည်။
/ပစ်မှတ်က မင်းရဲ့အနာဂတ်ယောက်ျားပဲလေ! မစ်ရှင်ပြည့်သွားရင် မင်းနဲ့ထန်ယိထုံက 100% နေ့ရက်လ ညီသွားပြီ။ တစ်ယောက်က အထီးကျန်ဖို့မွေးဖွားလာသလို တစ်ယောက်ကလည်း အထီးကျန်နေတဲ့သူတွေပဲဟာ။ လိုက်ဖက်ပါတယ်။ လက်ထပ်ပွဲကလည်း သဘာဝအတိုင်းပဲ။ ဒါကြောင့် ထန်ယိထုံကို ချစ်တတ်လာအောင် သင်ပေးစမ်းပါ။ သူက အခုငယ်သေးတယ်။ သူ့ကို အမျိုးမျိုး ပုံသွင်းနိုင်တယ်/

ထန်ဝမ် အသက်ထွက်လုနီးပါးပင်။

ငါက နင့်ရဲ့အလိမ်အညာကိုယုံရမှာလား?

ဒါက အရမ်းမိုက်တဲ့ယောက်ျားလို့ခေါ်တာလား?

/ချည်နှောင်ခြင်းကို ပြန်ဖျက်ပစ်ဖို့ အရမ်းနောက်ကျသွားပြီလား?/
ထန်ဝမ် အံကြိတ်လိုက်သည်။

/sorry host ချည်နှောင်ပြီးသွားရင် စွမ်းအင်တွေက -10000ထက်နည်းသွားပီ။ ဒီတော့ သေလိမ့်မယ်/
ချစ်စရာလေးက အပြစ်ကင်းပုံလေးနဲ့ ပျော်ရွှင်နေသေးသည်။

ကျွန်မရဲ့ဗီလိန်ယောက်ျားWhere stories live. Discover now