113+114

1.4K 189 3
                                    

စာစဉ် - ၅ / အခန်း - ၁၁၃+၁၁၄

အခန်း - ၁၁၃

လျှိုရှုထုံရဲ့စကားကိုကြားတော့ ကောင်မလေးတစ်ယောက်က သူမရဲ့ဖုန်းကိုထုတ်ပေးကာ
"ဘော့စ် ဒါက သူမအကောင့်"

လျှိုရှုထုံလှည့်ကြည့်လိုက်သည်။ သူမရဲ့အကောင့်နာမည်ပြောင်ကိုမြင်တော့ သူ့မျက်လုံးတွေ ကျယ်သွားသည်။

ဒါက လွန်ခဲ့တဲ့၂ရက်ကမှ သူ သွားaddထားတဲ့ Tears မဟုတ်ဘူးလား။ သူမက တကယ်ကြီးထန်ဝမ်လား။

ဒီအရာကိုရှာတွေ့သွားတော့ လျှိုရှုထုံ လက်သီးလက်မောင်းတန်းပြီး သုံးခေါက်လောက် အော်ရယ်ပစ်လိုက်ချင်သွားသည်။

ဟား ဟား ဟား

သူတို့နှစ်ယောက်က တကယ်ကိုရေစက်ပါပုံပဲ။

ထန်ဝမ်ရဲ့အကောင့်ကိုသိပြီးတော့ လျှိုရှုထုံရဲ့စိတ်ထဲမှာ စီးရီးတွေလိုမျိုး အခန်းကဏ္ဍအားလုံးကို အပိုင်းအပိုင်းနဲ့ အစီစဉ်ချပြီးနေပြီ။

သူမကိုချစ်ရင် သူမကို မြို့ရဲ့အမြင့်ဆုံးနေရာကို ခေါ်သွားရမယ်။ သူမကိုချစ်ရင် တန်ဖိုးကြီးတဲ့အဝါရောင်စိန်ပွင့်လေးဖြစ်အောင် ပျိုးထောင်ပေးရမယ်။ သူမကိုချစ်ရင် သူမကိုဆုပ်ကိုင်ထားရမယ်။

သူ့မျက်လုံးထဲမှာ အပျော်တွေပြည့်နှက်နေကာ ထန်ဝမ်ရှိတဲ့ဘက်ကို လှည့်ကြည့်လိုက်သည်။သူမ ထရပ်ပြီးထွက်သွားတော့ သူ သူ့အနားက အားလုံးကိုပြောလိုက်သည်။

"ငါ အခု သွားတော့မယ်"

"ဘော့စ် ဖြေးဖြေးသွားနော်"

လျှိုရှုထုံကျောင်းခေါင်မိုးကိုသွားပြီး ထန်ဝမ်ရဲ့အကောင့်ထဲဝင်ကာ သူမတင်သမျှတိုင်းကို likeပေးပြီး သူမရဲ့အကြောင်းကို ထိုင်ပြီးလေ့လာနေသည်။

ရုတ်တရက် နိုတီအများကြီးတက်လာလို့ ဝင်ကြည့်တော့ likeတွေအများကြီးဖြစ်နေတာကိုတွေ့ပြီး ထန်ဝမ် သက်ပြင်းချလိုက်သည်။

ကံကောင်းတာက သူမ အစကတည်းက မူလပိုင်ရှင်ရဲ့အဓိကဇာတ်လိုက်ဆီ ချစ်ကြောင်းတွေရေးထားတဲ့ ပို့စ်တွေကို ဖျက်ထားလို့ပေါ့။ ဥပမာအားဖြင့် //အခုကစပြီး ငါ့ကိုချစ်ပေးတဲ့လူတစ်ယောက်ကိုရှာတော့မယ်// ဆိုတာမျိုးပေါ့။

ကျွန်မရဲ့ဗီလိန်ယောက်ျားWhere stories live. Discover now