51+52+53+54

4K 431 13
                                    

စာစဉ် - ၃ / အခန်း - ၅၁+၅၂

အခန်း - ၅၁

ဘာသာပြန်သူ - Emily (KKMJPKJL)

ထန်ဝမ် နားထောင်နေရာကနေ အခြားစကားလုံးတွေကို လျစ်လျူရှုရင်း စပရိုက်ဖြစ်သွားကာ ပြန်မေးလိုက်သည်။ျ
/Sအဆင့် မစ်ရှင်လား?/

ချစ်စရာလေးက ချက်ချင်းပြန်ရှင်းပြသည်။
/ဟုတ်တယ်။ ရိုးရိုးလေးပြောရမယ်ဆိုရင် ကမ္ဘာပေါင်း 10000လောက်မှာ အခုhostလုပ်ရတဲ့မစ်ရှင်က Sအဆင့်တွေထဲကမှ အခက်ခဲဆုံးပဲ။ ပထမဆုံးအကြိမ်အဖြစ် host ဒီမစ်ရှင်ကို လုပ်ရတဲ့အတွက် ကောင်းကျိုးရော ဆိုးကျိုးပါရှိတယ်။ hostကြောက်ပြီးတော့ မစ်ရှင်မအောင်ဖြစ်သွားမှာစိုးလို့ ကျုပ်မပြောဖြစ်ခဲ့တာ/

အိုခေ အခု အောင်မြင်သွားပြီဆိုတော့ ဆု အကြောင်းပြောကြတာပေါ့။ hostသာ မစ်ရှင်ကျသွားရင် သူမရဲ့ဝိဥာဉ်က အရမ်းအားနည်းသွားလိမ့်မယ်။

ထန်ဝမ် ချစ်စရာလေးပြောချင်တာကို နားလည်လိုက်ကာ ခေါင်းညိမ့်လိုက်သည်။
/နင်က ငါကောင်းဖို့အတွက် လုပ်တယ်ဆိုတာကို သိပါတယ်/

ချစ်စရာလေး အရမ်းကိုကြည်နူးသွားသည်။ hostက အရမ်းချိုမြိန်တာပဲ။ သူမက သူ့ကို အပြစ်မတင်ခဲ့ဘူး!

ထိုအချိန် ထန်ဝမ်က လက်မြှောက်လိုက်ကာ စိတ်လှုပ်ရှားစွာနဲ့ မဲဆွဲတဲ့အပြားကိုထိလိုက်ကာ
/ငါအခု မဲဆွဲလို့ရပြီလား?/

အရိုးသားဆုံးပြောရရင် သူမရဲ့ကံကောင်းမှုက လုံးဝမဆိုးပါဘူး။ အတိတ်တုန်းက ညီမလေးတွေနဲ့ ကဒ်ဆွဲရင် သူမက အရှုံးများဆုံးလူပဲ။

ချစ်စရာလေးက နည်းနည်းတွေးတွေးတောတောဖြစ်သွားကာ
/အင်း! host ကျေးဇူးပြုပြီး အဆင့်အတိုင်းလိုက်လုပ်ပေး!/

ဒီကံကောင်းမှုမဲပြားမှာ 35ခုပဲပါဝင်သည်။ အခုက ပထမဆုံးအကြိမ်ဆိုတော့ မှားသွားမှာစိုးရသည်။

/ကောင်းပြီ!/

ခဏကြာတော့ သူမ စတင်လည်ပတ်စေဖို့ ကလစ်နှိပ်လိုက်သည်။

အနီရောင်၊ လိမ္မော်ရောင်၊ အဝါရောင်၊ အစိမ်းရောင်၊ အပြာရောင်နဲ့ ခရမ်းရောင်တို့ အလှည့်ကျလည်ပြီးတဲ့နောက် ရွှေရောင်က ထန်ဝမ်ရဲ့မျက်လုံးထဲဝင်ရောက်လာသည်။ သူမ ရုတ်တရက် အသက်ရှူရပ်သွားမတတ်။

ကျွန်မရဲ့ဗီလိန်ယောက်ျားWhere stories live. Discover now