အချပ်ပို ၂

6K 719 38
                                    

『Unicode』

《အချပ်ပို ၂ : ဖျော်ဖြေပွဲ 》





ဩဂုတ်လအကုန်တွင် အပူရှိန်က ဆက်ရှိနေတုန်းဖြစ်၍ လူ ၇၀,၀၀၀ ဆံ့သည့် ခန်းမကြီး၌ လေအေးပေးစက် အပြည့်အဝတပ်ဆင်ထားသော်လည်း အလွန်အကျွံဖြစ်သည့် ကိုယ်လက်လှုပ်ရှားမှုတွေအတွက် မသင့်တော်နေဆဲ။

" လောင်ရှစ် ၊ ဒီနေရာက မီးတွေကနှေးနေတယ် " ရှရှီးအိုက်က သူ့နားကြပ်ကိုချွတ်၍ လူထုထဲကို အော်ပြောလိုက်သည်။

" ကောင်းပြီလေ ! မီးအလင်းအမှောင် အင်ဂျင်နီယာကို ပြင်ပေးဖို့ပြောလိုက်မယ် ! "

" အင်း ကျေးဇူးပါ လောင်ရှစ်။ ကျွန်တော်တို့ ဒီသီချင်းကို ပြီးမှ ပြန်ဆိုကြမယ်။ ခုတော့ ဆက်လိုက်ရအောင် "

ရီဟာဇယ်က တစ်နာရီကျော်ကြာခဲ့ပြီးနောက် နားချိန်ကိုရောက်လာ​၏။ ဝန်ထမ်းများအားလုံး ချွေးတရွှဲရွှဲဖြစ်နေကြပြီ။ သူတို့တွေ အင်္ကျီမ,၍ ချွေးသုတ်လိုက်ပြီး ရေသန့်တွေ မော့သောက်ကာ နေသာထိုင်သာရှိအောင် လုပ်နေကြသည်။

" ကျေးဇူးတင်ပါတယ် လောင်ရှစ်တို့။ ကျွန်တော် ရေခဲထုပ်တွေနဲ့ ရေခဲစိမ်ဖရဲသီးတွေပြင်ပေးထားပါတယ်။ Backstage သွားပြီး နားရအောင် "

" ကောင်းပြီ ! ကျေးဇူးပါရှီးအိုက် ~ "

ရှရှီးအိုက်က မိုက်ကရိုဖုန်းကို အောက်ချပြီး ဖျော်ဖြေရေးဂျာကင်ကို ချွတ်ကာ ကော်လာကြယ်သီးတချို့ကို လျှော့လိုက်​၏။ ၎င်းနောက် စင်မြင့်ပေါ်မှ ဆင်းပြီး ဝန်ထမ်းတွေနှင့်Backstageကို လိုက်ပါမသွားပဲ ပရိတ်သတ်ထိုင်ရာ နေရာဆီသို့တန်းတန်းမတ်မတ်လျှောက်သွားလိုက်သည်။ သူက လျှပ်စစ်ပန်ကာအသေးလေးကိုလဲ ကိုင်ထားပြီး ချွေးစေးကပ်နေသည့်နဖူးကို လေသလပ်ခံနေရာ ခဏမျှ အမှုတ်ခံပြီးနောက် တဖျပ်ဖျပ်လှုပ်လာတော့သည်။

" ဒီဖျော်ဖြေပွဲက ပင်ပန်းလိုက်တာ " သူက ထိုင်ခုံကိုလှန် ၍ ဝင်ထိုင်လိုက်ပြီး နံဘေးရှိလူကို ပြောလိုက်သည် : " သိခဲ့မယ်ဆိုရင် ခင်ဗျားနဲ့ပိုပြီး လေ့ကျင့်ခဲ့သင့်တာ "

သီးသန့်အချစ် || ဘာသာပြန် ||『 Completed』Where stories live. Discover now