အခန်း - ၃၂

5.8K 974 30
                                    

『Unicode』



ထွက်လာခဲ့ပြီးနောက် ရှရှီးအိုက်ဟာ အောက်ထပ်မှာ စုရုံးနေသော စွဲလမ်းလွန်ဖန်တွေကို တစ်ချက်ထဲ ဖြတ်ကျော်ခဲ့ပြီး ကြိုငှားထားသည့် တက္ကစီပေါ်အမြန်တက်လိုက်သည်။

စာချုပ်ရပ်စဲပြီးသည့်နောက် ၊ သီးသန့်ဒရိုင်ဘာမရှိတော့၍ သွားလာဖို့ အဆင်မပြေလှပေ​။ ပိုဆိုးသည်မှာ အောက်ထပ်ရှိစွဲလမ်းလွန်ဖန်တွေက ပိုတိုးလာခဲ့ကာ သူ​၏ ပုံမှန်ဘဝကို နည်းနည်းလောက် ထိခိုက်လာခဲ့​၏။ မည်သို့ဖြစ်စေ ရွှီထုံကတိုက်ခန်းအသစ်ရှာနေပြီဖြစ်တာကြောင့် နှစ်ရက်အတွင်း လက်ရှိ ဒုက္ခတွေကို ရှင်းထုတ်နိုင်တော့မည်ဟု ခန့်မှန်းရပါသည်။

ကားဆရာက ရုန်းရင်းဆန်ခတ်ဖြစ်နေသည့် မြင်ကွင်းကြောင့် လန့်သွားပြီး နောက်ကြည့်မှန်မှ အကြိမ်ကြိမ်ကြည့်ပြီးနောက်သူ မှတ်မိသွား​၏။

" ရှရှီးအိုက် မလား ? ကျွန်တော့်သမီးက မင်းကိုကြိုက်တယ် ! သူ့ဖုန်းမှာမင်းက နောက်ခံပုံလေ။ မင်းက ဓာတ်ပုံတွေထဲကထက်တောင် ပိုလှတာပဲ "

" .....ဆရာ လှတယ်က မိန်းကလေးတွေကို ဖော်ပြဖို့ပဲ သုံးရတာပါ ! " သူ ငယ်စဉ်တုန်းက သူများတွေထံမှ ဝေဖန်ခံခဲ့ရတာကို ဘုရားသာသိမည်။ ထိုစကားလုံးနှင့် ဘယ်နှစ်ကြိမ်လောက်ပဲ ချီးကျူးခံရပါစေ အရိပ်က ရှိနေဆဲ။

ဆရာက ပြုံးလိုက်ပြီး : " ဟားဟား ဆောရီးပါကွာ။ ချောပါတယ် ! အိုင်း ငါ ဒီတစ်ခါမင်းကို စီးခလျှော့ပေးမယ်လေ ! မင်းငါ့ကို လက်မှတ်ထိုးပေးပါလား ? "

" ကောင်းပါပြီ။ ပုံမှန်အတိုင်းပဲ တောင်းလို့လဲရပါတယ်။ ဒါပေမယ့် နည်းနည်း မြန်မြန်လေးမောင်းပေးလို့ရမလား ? ကျွန်တော် အလျင်လိုနေလို့ပါ "

" ကောင်းပြီလေ။ပြဿနာမရှိပါဘူး "

ဒရိုင်ဘာက ပြန်ဖြေလာပြီး : " ငါ ပေါ်ကွမ်းနဲ့ရင်းနှီးပြီးသားကွ ၊ ရိုးရိုးသားသားပြောရရင် အဲ့ဒီမှာက အတော်လေးရှုပ်ရှုပ်ယှက်ယှက်ရှိတယ်။ မင်းလို နာမည်ကြီးတစ်ယောက်က အဲ့ဒီကိုပေါ်တင်ကြီးသွားဖို့ မသင့်တော်ဘူးနော်။တစ်ယောက်ယောက်မြင်သွားရင် ဘယ့်နှယ်လုပ်ကြမလဲ ? "

သီးသန့်အချစ် || ဘာသာပြန် ||『 Completed』Where stories live. Discover now