အခန်း - ၇၅

6.7K 1K 42
                                    

『Unicode 』



အရုဏ်တက်ချိန်ရောက်သော် ရှရှီးအိုက်ဟာ ကျန်းလျိုရှန်း​၏ လှုပ်ရှားသံတွေကြောင့် နိုးလာခဲ့သည်။

သူ မျက်လုံးတစ်ဝက်စင်းလျက် ကြောင်စီစီနှင့် လှည့်ပတ်ကြည့်ရာ သူကိုယ်တိုင်ဟာ အခန်းထဲမှ ထွက်လာသည့် တစ်ဖက်လူ​၏ ရင်ခွင်ထဲ၌ ရှိနေသည်ကို တွေ့လိုက်ရည်။

" အစောကြီးရှိသေးတယ်။ နည်းနည်းထပ်အိပ်လိုက်ဦး ကိုယ်မင်းကို အောက်ထပ်သယ်သွားမယ်။ " ကျန်းလျိုရှန်းက ခပ်တိုးတိုးပြောလာသည်။

ရှရှီးအိုက်မှာ ယမန်နေ့ညက အလွန်ပင်ပန်းခဲ့သည့်အပြင် သုံး ၊ လေးနာရီမျှသာ အိပ်ရသေး​၏။ သူ အလွန်အိပ်ချင်နေတာကြောင့် အသိစိတ်ကလဲ မရှင်းလင်းလှ။ ထိုသို့ပြောသံကို ကြားလိုက်လျှင် သူအများကြီးမတွေးနေတော့ပေ။ သူဟာသက်သောင့်သက်သာအဖြစ်ဆုံး အနေအထားသို့ ပြောင်းညှိလိုက်ပြီး အသာလေး ကွေးထားလိုက်ရင်း ရင်ခွင်ထဲမှာ နောက်တစ်ခါ မျက်လုံးမှိတ်လျက် အိပ်ပျော်သွားတော့ချေသည်။

ကျန်းလျိုရှန်းက လူကို မြေအောက်ကားပါကင်အထိ ပွေ့သွားလိုက်ပြီးနောက် အရင်ဆုံး ရှရှီးအိုက်ကို နောက်ခုံမှာ အသာလေးချကာ တံခါးပိတ်လိုက်​၏။ ထို့နောက် သက်တော်စောင့်ထံ မျက်နှာသေဖြင့် လှည့်သွားပြီး : " ခရီးဆောင်အိတ်တွေအကုန်ယူလာခဲ့လား ? "

" ဟုတ်။သခင်လေး ၊ ဒရိုင်ဘာကိုလည်း ကားကို ပုံမှန်အတိုင်း ဂိတ်ကနေ မောင်းထွက်သွားပေးဖို့ ပြောပြီးပါပြီ။ မီဒီယာတွေ ထွက်သွားတာနဲ့ ကျွန်တော် သခင်လေးကို ရုပ်ရှင်ရိုက်ကွင်းဆီပို့ပေးပါ့မယ်။ "

" ဘယ်လောက်လောက်ရှိလဲ ? "

" အိမ်ရှေ့မှာတော့ တစ်ရာလောက်ရှိပါတယ်။ ရိုက်ကူးရေးဘက်မှာတော့ နှစ်ရာ သုံးရာလောက်ဖြစ်ပါမယ်ဗျ "

" အကုန်စီစဉ်ပြီးပြီလား ? "

" ဟုတ်။ လူတွေကို သီးခြားရွှေ့ပေးပြီးပြီမို့ အဖွဲ့သားတွေ ပုံမှန်ရိုက်ကူးရေးကို ထိခိုက်မှာမဟုတ်ပါဘူး။ "

သီးသန့်အချစ် || ဘာသာပြန် ||『 Completed』Where stories live. Discover now