အခန်း - ၅၀

6.6K 1K 12
                                    

『Unicode 』


နောက်တစ်နေ့​၏ တိုက်ရိုက်ထုတ်လွှင့်မှုက ညနေ၃နာရီမှာ စတင်မှာဖြစ်တာကြောင့် နေ့လယ်ခင်းတွင် အဓိက ရုပ်ရှင်အဖွဲ့သားတွေအားလုံး ရောက်ရှိလာကြသည်။

ဤ အစီအစဉ်ကြီးမားသည့် ဇာတ်ညွှန်းရုပ်ရှင်သည် မကြာသေးမီနှစ်များအတွင်းရှိ လူကြိုက်များသောရုပ်ရှင်သရုပ်ဆောင်များစွာနှင့် အင်အားကြီး သရုပ်ဆောင်ဟောင်းများစွာအတူတကွဆုံစည်းကြတာပင်။ အထူးသဖြင့် ကျန်းလျိုရှန်းရော ရှရှီးအိုက်ကပါ ရုပ်ရှင်ထုတ်လုပ်ရေးအတွင်း ပါဝင်မည်ဟူသော သတင်းက တောမီးပမာ ပျံနှံ့သွားခဲ့တာကြောင့် ရိုက်ကူးရေးမစတင်ခင်မှာပင် အရှိန်အဟုန် မြင့်လာခဲ့သည်ဖြစ်ရာ အကြောင်းအရာက တောက်လျှောက်ဆိုသလိုထိုးတက်လာခဲ့​၏။

ဟယ့်အန်းတစ်ယောက် Backstage သို့ ဝင်လာလိုက်သည်နှင့် တပြိုင်နက် သူဟာ " အပြစ်တင်၍ " ပြောဆိုလိုက်သည် : " လျိုရှန်း လျိုရှန်း.... ငါက မင်းတို့နှစ်ယောက်ကို ချမပြသေးခင် နောက်ဆုံးကျမှ ထားလိုက်ချင်ပေမယ့် မင်းက ငါ့ထက်အရင် ထုတ်ပြလိုက်သကိုး "

ကျန်းလျိုရှန်းက နှစ်နှစ်ကာကာပြုံးလိုက်ပြီး : " ရသစုံရှိုးက ဒီနေ့ညမှ လွှင့်မှာပါ။ ပရိသတ်တွေ ခံတွင်းတွေ့စေဖို့အတွက်ကောလာဟလတချို့အရင်လွှတ်ထားပေးတာလေ။ ဒီနည်းနဲ့ဆို ခင်ဗျားရဲ့ တိုက်ရိုက်ကြည့်ရှုသူအရေအတွက်လဲ စံချိန်ချိုးသွားဖို့ အာမခံတယ်။ ခင်ဗျားလဲ ဂုဏ်တက်စေမယ်လေ မကောင်းဘူးလား ? "

" သွက်လိုက်တဲ့လျှာ " ဟယ့်အန်းက ပြုံးလျက် ခေါင်းယမ်းရင်း ကျန်းလျိုရှန်းဘေးက ရှရှီးအိုက်ကို ကြည့်လိုက်​၏ : " ရှီးအိုက် ၊ ရှောင်ကျန်းက မင်းကို ချီးကျူးဖို့ တကယ် အနစ်နာတွေခံထားတာပဲ "

ရှရှီးအိုက်က တလေးတစားနှင့် : " ကျေးဇူးတင်ပါတယ် ဒါရိုက်တာဟယ့်နဲ့ရှန်းကော "

လာပြန်ပြီ။ ဒီလေသံ လာပြန်ပြီ။ ကျန်းလျိုရှန်းမှာ ထိုသို့ကြားလိုက်ရလျှင် လွန်စွာစိတ်ဓာတ်ကျသွားရ​၏ : " မင်းက ကိုယ်နဲ့စာချုပ်ချုပ်ထားတဲ့သူပဲလေ​ ၊ ဒါပေါ့ ကိုယ်က မင်းကို ချီးကျူးရမှာပဲ။ ဘာလို့ ယဉ်ကျေးပြနေတာလဲ ? "

သီးသန့်အချစ် || ဘာသာပြန် ||『 Completed』Waar verhalen tot leven komen. Ontdek het nu