အခန်း - ၆၁

6.7K 1K 58
                                    

『Unicode』




ညစာစားပွဲက ညနေခင်း ၁၁နာရီအထိ ကြာမြင့်ခဲ့သည်။ သုံးနာရီလုံးအတွက် Hot Searchကလဲ ကျန်းလျိုရှန်းနှင့် ရှရှီးအိုက်​၏ ကိုယ်ရေးကိုယ်တာဇာတ်လမ်းများဖြင့် လွှမ်းမိုးနေလျက်။ တစ်ယောက်တည်းဖန်များကတော့ သူတို့​၏ အိုင်ဒေါလ်တွေမှာ ဖြစ်ပျက်ခဲ့တာတွေအတွက် ကြေကွဲဝမ်းနည်းနေကြပြီး အိုင်ဒေါလ်များ​၏ ကြင်နာမှုကို ချီးကျူးခဲ့ကြကာ Hot Search ကို စိတ်ကူးယဉ်ဆန်ဆန် အသုံးချခဲ့ကြသည်။CPဖန်များကမူ ပို၍အလုပ်များကြ​၏။ နှစ်ဖက်စလုံးကို ချစ်ပေး ၊ချီးကျူးပေးရုံတင်မက ၊ အချိုရှာဖို့ကိုလဲ ကြိုးကြိုးစားစားလုပ်ကြလေသည်။

[ အိန်ဂျယ်လေးက သနားစရာကောင်းလိုက်တာ... ဒါပေမယ့်လဲ ဒီလိုနည်းနဲ့တွေးမယ်ဆို အိန်ဂျယ်လေး ရှန်းကောနဲ့ဆုံစည်းခဲ့တာက ပိုပြီး ချိုမြိန်လာတာပဲ.....]

[ အဲ့ဖန်ရဲ့ ဇာတ်လမ်းက အရင်တစ်ခေါက် ရုပ်ရှင်အသစ်ဖန်တီးရေးပွဲမှာ ရှန်းကော ပြောခဲ့တာမလား ? အဲ ရှန်းကောရေ.. အပြစ်ရှိစိတ်ဖြစ်နေစရာမလိုပါဘူး။ ဒါ အစ်ကို့အမှားမဟုတ်ဘူးလေ......ကံကောင်းလို့ အိန်ဂျယ်လေး ပေါ်လာလို့ပေါ့ ]

[ သူတို့နှစ်ယောက်က တကယ်ကြီး အချင်းချင်း ကယ်တင်ပေးခဲ့ကြတာပဲ။ ပုံမှန်တွဲဖက်ဖြစ်လာဖို့ ကံကြမ္မာဖန်တယ်။ ]

[ ရှန်းကောက ဒီနေ့ငါ့ကို အံ့ဩသွားစေတာပဲ။ ရိုက်ကူးရေးပြင်ပမှာ သူ ဒီလောက်ထိ လေးနက်တာကို ဒါပထမဆုံးမြင်ဖူးတာပဲ။ သူရဲ့ချောမောခန့်ညားမှုက နောက်တစ်ဆင့်ကို ရောက်နေပြီ ]

[ ဒီနေ့ ဝါးလိုက်ရတဲ့ပီကေက နည်းနည်းတော့ ခါးပေမယ့် စွဲကျန်ခဲ့တဲ့အရသာလေးကတော့ ချိုနေတုန်းပါပဲ။ မင်းမှာလည်းဇာတ်လမ်းတစ်ပုဒ် ကိုယ့်မှာလည်း ဇာတ်လမ်းတစ်ပုဒ် နှစ်ယောက်သား တိုက်ထားကြတာလား ? ]

[ ကင်မရာဖြတ်သွားလိုက်တိုင်း အများစုမှာ သူတို့နှစ်ယောက် စကားပြောနေကြတာချည်းပဲ​။ ဘာလို့ပြောစရာတွေ ဒီလောက်များနေရတာလဲ ? နားထောင်ချင်တယ်လေ ? ]

သီးသန့်အချစ် || ဘာသာပြန် ||『 Completed』Where stories live. Discover now