အခန်း - ၅၃

7.6K 1.1K 37
                                    


『Unicode』



တိုက်ရိုက်ထုတ်လွှင့်မှု ပြန်စပြီးနောက် ၊ အရင်ဆုံး ဒါရိုက်တာဟယ့်နှင့် တစ်ဦးချင်းအင်တာဗျူးလုပ်ခဲ့သည်။ ကျန်းလျိုရှန်းက သည်အကွာအဟကိုအခွင့်ကောင်းယူကာ တစ်စုံတစ်ယောက်အား ဝတ်စုံသစ်နှစ်စုံယူခဲ့ခိုင်းပြီး သူတို့နှစ်ယောက်လုံးပေါ်က မျက်ရည်တွေစိုလူး၍ တွန့်ကြေနေသော အဝတ်များဖြင့် အစားထိုးလဲလှယ်လိုက်​၏​။၎င်းနောက် ချက်ချင်းပင်သူက ရေခဲတစ်ထုပ်ရှာ၍ ရှရှီးအိုက်​၏ နီရဲနေသောမျက်ဝန်းတွေ အယောင်လျော့စေရန် ကပ်ပေးခဲ့သည်။

" မင်းက များသောအားဖြင့် အရမ်းမာတဲ့ပုံစံပေါက်ပေမယ့် အနိုင်ကျင့်ခံရတဲ့အချိန်ကျ ဘာလို့ ငိုတာလဲ ? " တရားခံကတော့ စကားပြောနေဆဲ : " ကိုယ်ကမင်းကို ဒီိထက်ပိုပြီး ရက်စက်ချင်ယောင်ဆောင်ပြချင်ပေမယ့်လဲ မင်းမျက်ရည်တွေထွက်လာတော့ ကိုယ့်ရင်မှာဖိစီးတော့တာပဲ။ မင်းဟာ ဒီရုပ်ရှင်ဧကရာဇ်ရဲ့ အရည်အသွေးတွေကို ဖောက်ဖျက်စေခဲ့တဲ့ပထမဆုံးလူပဲ "

ရှရှီးအိုက်ဟာ ယခုအခါမှသာ တခြားကိစ္စတွေကို တွေးတောနိုင်တာဖြစ်ပြီး သူ့ကိုယ်သူ လိမ်ညာသရုပ်ဆောက်နိုင်စွမ်း မရှိတော့ပါချေ။ ယခုအခါ သူ စိတ်သက်သာရာရသွားပြီဖြစ်ကာ ယခုလေးတင် မိုက်မဲ၍ ငိုကြွေးတောင်းပန်ခဲ့ပါသော ရှက်ရွံ့ဖွယ်အသွင်အပြင်အား ပြန်အမှတ်ဖော်ကြည့်မိ​၏။ သူ တွေးမိလေလေ ၊ ကျန်းလျိုရှန်းအား မနှစ်မြို့သလို ခံစားရလေလေဖြစ်ကာ ဖော်ရွေစွာပြောပြလိုက်တော့သည် : " နောက်နောင် ခင်ဗျား ကျွန်တော့်ကိုဒီလိုလာ စနေရင် ၊ ကျွန်တော် တကယ်လျစ်လျူရှုထားတော့မှာ "

" သေချာပေါက် မဖြစ်ရစေဘူး။ ကိုယ်ကတိပေးတယ် " ကျန်းလျိုရှန်းက သူ့လက်ကိုမြှောက်၍ ကျိန်ဆိုလိုက်ပြီး : " ဒီကိစ္စမှာ အထင်လွဲတာတွေ အလွှာအထပ်ထပ်ရှိနေမယ်လို့ ထင်မထားမိဘူး။ မင်းကိုယ့်ကို အရင်က အရမ်းဂရုမစိုက်ခဲ့တာ မဆန်းတော့ပါဘူး။မင်းက တုံ့ဆိုင်းနေခဲ့တယ်ထင်နေခဲ့တာ။ ကိုယ်က ပေါ့ပေါ့ဆဆနဲ့ သတိမထားမိခဲ့တာပဲ။ ကိုယ် မင်းကိုဝမ်းနည်းစေပြီး မှားသလိုဖြစ်အောင်လုပ်ခဲ့မိတာ တောင်းပန်ပါတယ် ပေါင်ပေ့အာ~ "

သီးသန့်အချစ် || ဘာသာပြန် ||『 Completed』Where stories live. Discover now