အခန်း - ၅၂

7.7K 1.2K 100
                                    

『Unicode 』



ရှရှီးအိုက်​၏ မျက်နှာလေးမှာ အသွေးအရောင်တွေ တမဟုတ်ချင်း ဖျော့တော့ကာ ဖြူစွတ်သွား​သည်။ မျက်လုံးတို့က မယုံကြည်နိုင်စွာ ပြူးကျယ်လျက် နေရာမှာတင် မှင်သက်၍ရပ်နေခဲ့သည်။

" ပြန်ပေး " ကျန်းလျိုရှန်းက သူ့ကို တုံဏိဘာဝေသာကြည့်နေပြီး လက်ကလဲ ရှေ့မှောက်မှာ ဖြန့်ပေးထားဆဲ။

" ခင်ဗျား ကျွန်တော့်ကို ပေးထားတာလေ...ဘယ်လိုလုပ်ပြီး ပြန်ယူနိုင်ရတာလဲ ? "

နာရီက ပြန်ယူနိုင်ပါတယ်ဆိုလျှင် ကျန်းလျိုရှန်းက သူ့ကို ပေးထားတဲ့ ဂရုစိုက်ကြင်နာမှုအားလုံးကို အချိန်မရွေးပြန်ယူနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲမဟုတ်လား ?

ဒါကိုတွေးလိုက်သည်နှင့် သူ့နှလုံးသားမှာ အေးခဲသွားသလို ခံစားလိုက်ရသည်။

ကျန်းလျိုရှန်းက အနားတိုးကပ်လာ၍ သူ​၏ ထိတ်လန့်တုန်လှုပ်နေသော မျက်ဝန်းတွေကို ကြည့်ပြီး : " ကိုယ်က မင်းအတွက် လုံလောက်အောင်မကောင်းဘူးလို့ မင်းတွေးနေမှတော့ ၊ ဘာလို့ ကိုယ့်ပစ္စည်းကို သိမ်းထားဦးမှာလဲ ? "

ရှရှီးအိုက်မှာ ခဏမျှ ကြောင်နေပြီးမှ နားလည်နိုင်​၏ : " မဟုတ်ဘူး ၊ ကျွန်တော် ဆိုလိုတာက——"

" မရှင်းပြနဲ့ " ကျန်းလျိုရှန်းက မျက်နှာထက်တွင် စိတ်မရှည်၍ နွမ်းလျဟန်အမူအရာတို့ဖြင့် ကြားဖြတ်ပြောသည် : " စလေကတည်းက မင်းကိုယ့်ကို မကြိုက်ခဲ့တာပါ ၊ ကိုယ်သိတယ်။ ဒီရက်တွေအပြီး ကိုယ်တွေးမိတာက မင်းကိုယ့်အပေါ်အမြင်ပြောင်းသွားတယ်လို့ပဲ။ ဒါပေမယ့် ကိုယ်ကပဲ လိုက်လျောညီထွေဖြစ်အောင်လုပ်နေရမယ်လို့ မမျှော်လင့်ထားမိဘူး။ကောင်းပြီ , ပြန်ပေးတော့ ၊ ကိုယ့်ကို ဆွဲယူရအောင်မလုပ်နဲ့။ "

ရှရှီးအိုက်က ချက်ချင်းပင် သူ့လက်လေးကို အနောက်မှာ ဖွက်လိုက်ပြီး : " ဟင့်အင်း ကျွန်တော် ခင်ဗျားကို မကြိုက်တာမဟုတ်ပါဘူး။ ကျွန်တော်က ..... "

ကျန်းလျိုရှန်းက သူ​၏ အကြောင်းပြချက်ကို လုံးဝမှ နားမထောင်ပေးတော့ဘဲ အလိုအလျောက် ကျောနောက်အထိ လက်ဆန့်၍ သူ့အားကိုတွန်းလှန်ကာ ပြန်ဆွဲယူလိုက်သည်။ ပြီးလျှင် အားနှင့်ကိုင်ထား၍ လက်ကောက်ဝတ်နောက်ကို ကြောက်စရာအားဖြင့် ဖမ်းဆုပ်လိုက်​၏။

သီးသန့်အချစ် || ဘာသာပြန် ||『 Completed』Where stories live. Discover now