အခန်း - ၇၈

6.7K 928 15
                                    

『Unicode 』



ရက်နှစ်ဆယ်ခန့်အကြာ ၊ လန်ဒန်အသွား လေယာဉ်ပေါ်၌ ဖြစ်သည်။

လေယာဉ်မယ်က ပထမတန်း-အခန်းသို့ လျှောက်ဝင်လာခဲ့လျှင် ခရီးသည်များစွာက အိပ်ရန် ထိုင်ခုံနှိမ့်ထားကြသည်ကိုမြင်လိုက်ရသဖြင့် သူမ အခန်း​၏ မီးကို လျှော့ချလိုက်ပြီး အသာထွက်ကာ လိုက်ကာကို ပိတ်လိုက်သည်​။

ရှရှီးအိုက်မှာ မျက်လုံးစည်းကို ဝတ်၍ အချိန်မှီိ အိပ်ရန်ပြင်လိုက်ပြီး သူ အိပ်ပျော်တော့မည်ဆဲဆဲ၌ ရုတ်တရက်တစ်စုံတစ်ယောက်က သူ့လက်ခုံကို ဖွဖွ လာခြစ်သည်အား ခံစားမိလိုက်ရသည်။

သူ မျက်လုံးစည်းကို ဆွဲချ၍ နံဘေးရှိ လူရမ်းကားကို အေးစက်စွာဖြင့် ပါးစပ်လှုပ်ရုံပြောလိုက်​သည် : " ကျွန်တော် အိပ်ချင်တယ်​ "

ကျန်းလျိုရှန်းက နံဘေးမှသည် မေးထောက်ထားပြီး မျက်ခုံးပင့်ကာ ပါးစပ်လှုပ်ရုံမျှဖြင့် ပြန်ပြော​၏ : " ကိုယ်က မင်းကိုနမ်းချင်တယ်။ "

ရှရှီးအိုက် သူ့ကို အာရုံမပေးတော့ပဲ ခေါင်းပြန်လှည့်လိုက်ပြီး ပါးရဲရဲလေးတွေကို အုပ်ရန် မျက်လုံးစည်းကို တစ်ဖန်ဆွဲချလိုက်တော့သည်။

ဒီမနက်ကတည်းက နမ်းနေတာ အကြိမ်ပေါင်းများစွာရှိနေပြီ။ထပ် နမ်းချင်သေးတယ်ဆိုရင်တော့ ခင်ဗျားဖင်ကို နမ်းနေချေ။

ယနေ့၌ 《ဇာတ်ကောင်အတွင်းသို့ ဝင်ရောက်ခြင်း》​အဖွဲ့ အပြီးသတ်ပြီဖြစ်ကာ သူသည်လည်း သူ​၏ နောက်ဆုံးဧည့်သည်သရုပ်ဆောင်ဇာတ်ရုပ်ကို ရိုက်ရန် မနက်ခင်းစောစောမှာပဲ အဖွဲ့ဆီသို့ အပြေးပြန်လာရသည်။ သူဟာ မျှော်မှန်းချက်ကြီးမားစွာဖြင့် ကြိုးကြိုးစားစားဖန်တီးထားခဲ့ရသော အဖွင့်သီချင်းကိုလည်း ယူခဲ့ပြီး ကျန်းလျိုရှန်းအား ပထမဆုံးနားဆင်သူဖြစ်စေချင်ခဲ့သည်။

သို့သော် ကျန်းလျိုရှန်း သူ့ကို တွေ့သည်နှင့် ပထမဆုံးလုပ်သည့်အရာက မသုံးသည့် နားနေခန်းအတွင်း ဆွဲခေါ်ပြီး ဆိုဖာမှာဖိထားလိမ့်မည်ဟု ဘယ်သူက သိမည်နည်း။ ပြင်းပြင်းပြပြနမ်းရှိုက်၍ သူ့နှုတ်ခမ်းနှင့် လျှာကို တတိတိကိုက်ဝါးနေသည်မှာ ကြမ်းကြုတ်သည့်အရှိန်အဝါရှိ ဆာနေသော သားရဲတစ်ကောင်က သူ့ကို အပိုင်းပိုင်းစုတ်ဖြဲရန် မစောင့်နိုင်တော့သည့်အလားပါပင်။

သီးသန့်အချစ် || ဘာသာပြန် ||『 Completed』Nơi câu chuyện tồn tại. Hãy khám phá bây giờ