အခန်း - ၆၂

6.2K 1K 19
                                    


『Unicode 』


ကျန်းလျိုရှန်းဟာ မကျေမနပ်ဖြင့် သူ့ဗိုက်သူ အုပ်ကိုင်ရင်း တစ်ညလုံး " ကိုယ့်ယောက်ျားကိုယ် ပြန်သတ်သည့် " အကြောင်းအား ညည်းတွားပြနေပြီး အိန်ဂျယ်လေးဟု နောက်တစ်ခါ ဘယ်တော့မှ ခေါ်မှာမဟုတ်ကြောင်း သံဓိဌာန်ချလေသည်။ သို့သော် နောက်တစ်နေ့မနက် နိူထလာသောအခါတွင်တော့ ရှရှီးအိုက်ကို ပြီတီတီနှင့် နှုတ်ဆက်လိုက်ပြီး မျက်နှာလေးကို ညှစ်လိုက်လေ​၏ : " ဂွတ်မောနင်း ကိုယ့်အိန်ဂျယ်လေး "

ရှရှီးအိုက်က သူ့လက်ကို အမူအရာမဲ့စွာနှင့် ပုတ်ထုတ်လိုက်ပြီး : " လူယုတ်မာကြီး လာမထိနဲ့ "

" ဝိုး အိန်ဂျယ်လေးက တအားကြမ်းနေတာပါလား။ ကိုယ်အရမ်းကြောက်နေပြီ။ " ကျန်းလျိုရှန်းဟာ ဟန်ဆောင်ပန်ဆောင်နှင့် " ကိုယ်က ဟာသလုပ်လိုက်ရုံပါ​။ စိတ်မဆိုးနဲ့နော် ကောင်းပြီလား ! "

ရှရှီးအိုက် တစ်ကိုယ်လုံး ကြက်သီးမွေးညင်းတွေထသွားပြီး နောက်တစ်ချက် ထပ်ထိုးရန်အပြု ၊ ရုတ်တရက် ဖုန်းကမြည်လာခဲ့သည်။

ရွှီထုံက သူ့ကို အလောတကြီးနှင့်ခေါ်ဆိုလာတာပင် : " ရှီးအိုက် ! လန့်စရာကောင်းနေပြီ ! ဖန်တွေက နင်နဲ့ ရှန်းကောတို့ရဲ့သက်သေတွေကို ရှာတွေ့သွားကြတယ် ! "

" ဘာ ? " ရှရှီးအိုက်မှာ အံ့ဩသွားပြီး : " ခဏလေး ၊ နင်က ဘယ်လိုလုပ်ပြီး ငါနဲ့သူ..... "

" အိုင်း ငါ့ကို အကန်းလို့ထင်နေတာလား ? " ရွှီထုံက အမှုအမှတ်မထားစွာ ပြောလာသည် : " အဲ့အကြောင်းမပြောနဲ့တော့။ဖန်တွေက အုတ်အော်သောင်းတင်းဖြစ်ကုန်တော့မယ်လို့ ! နင်တို့နှစ်ယောက်ရဲ့ ဖန်တွေ ခွာပြဲကုန်ပြီ ! မှောင်မိုက်နေတာဥပဒေမရှိတဲ့ကမ္ဘာလိုပဲ ! နင်တို့နှစ်ယောက်က အခုထိ အိပ်နေကြတုန်းလား ? ? "

" မဟုတ်ဘူး။ ထနေပြီ ၊ ငါ့ကိုရှင်းရှင်းလင်းလင်းပြောစမ်းပါ ၊ ဘာတွေဖြစ်ကုန်တာလဲ ? ဘယ်ကနေ သက်သေရလာတာလဲ ? "

သူတို့နှစ်ယောက် ပွင့်ပွင့်လင်းလင်း ဆက်ဆံဖလှယ်ခဲ့ကြတယ်ဆိုပေမယ့် လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့သက်သေဆိုတာ မကျန်ခဲ့ဘူးလေ​။

သီးသန့်အချစ် || ဘာသာပြန် ||『 Completed』Where stories live. Discover now