အခန်း - ၄၆

6.6K 1.1K 34
                                    

『Unicode』



Backstage အဝတ်လဲခန်းအတွင်း၌ ဝန်ထမ်းနှင့် မိတ်ကပ်ပညာရှင်များဟာ နောက် ကဏ္ဍအတွက် ပြင်ဆင်ရင်းအလုပ်များနေကြသည်။ဂိမ်းထဲရှိ ဧည့်သည်များက ယခုတင် အားများစွာ သုံးစွဲထားကြသည်လေ။

ရှယ်ရီက ပေါင်ဒါဆက်ကို သွားယူနေခိုက် ရှရှီးအိုက်က သူ့မျက်လုံးထောင့်လေးမှသည် ကျန်းလျိုရှန်းအား အမြန် ခိုးကြည့်လိုက်​၏။

တစ်ဖက်လူက ထိုအခိုက်ဝယ် မျက်လုံးတွေမှိတ်ထားပြီး ၊ ဘေးတိုက်မျက်နှာက ချောမော၍ ရဲရင့်ပြတ်သားကာ မျက်ခုံးတွေက သွယ်ချွန်း၍ နှာတံဖြောင့်စင်းသည်။

ကျန်းလျိုရှန်းက တကယ်ချောတာပဲ..... ရှရှီးအိုက် တိတ်တိတ်လေးတွေးနေမိသည်။ သူဟာ ချမ်းသာ၍ အင်အားကြီးမိသားစုနောက်ခံနှင့် သမိုင်းမှာ အသက်အငယ်ဆုံးသရုပ်ဆောင်ဖြစ်ပြီး ဖော်ရွေကာ ကြင်နာတတ်သည့် စရိုက်ရှိသည်။

ထိုသို့သော အင်အားကြီး၍ ကြည့်ကောင်းသူတစ်ယောက်က တကယ်ပဲ သူ့ကိုကြိုက်နေတယ်......

သူ နှုတ်ခမ်းစွန်းလေးတွေ မြင့်တက်သွားသည့်တိုင် အမြန် အပြုံးအား ဖုံးကွယ်လိုက်ရ​၏။

အစောကြီး ပျော်လွန်းအားကြီးနေလို့ မဖြစ်ပေ ၊ အကယ်၍ မှားယွင်းနေခဲ့ရင် ဘယ်လိုလုပ်ရပါ့ ? ကျန်းလျိုရှန်းက အရာရာတိုင်းမှာတော်ပြီး ၊ ကစားနိုင်သည့်စွမ်းရည်ကြီးမားကာ ၊ လူတွေကိုစနောက်ရတာကလဲကြိုက်​သည် ; ယခု သူပြောလိုက်သည့်စကားမှာလည်း သူပျော်အောင်လုပ်ပေးရုံသာ ဖြစ်နိုင်သည်​။ ပြီးတော့ သိပ်မကြာခင်ကမှ သူက အပြင်မှာတစ်စုံတစ်ယောက်နှင့် ချိန်းတွေ့ထားသေးသည် ၊ ဖြစ်နိုင်တာက......ဖြစ်နိုင်တာက သည်အတိုင်း ပျော်ချင်ရုံသက်သက်မျှက သူ့အတွက် သူက အရမ်းမရေမရာဖြစ်နေ​၏။

ရှရှီးအိုက် သူ့လက်ကောက်ဝတ်မှ နာရီလေးကို စိတ်ပူပင်စွာ ဖိရင်း လက်ပတ်ကြိုးကို ပွတ်သပ်လိုက်မိသည်။ ပြီးသော် သူဘေးရှိ ကျန်းလျိုရှန်း​၏ လက်မှ သူဝယ်ပေးထားသော နာရီကို တစ်ချက်ကြည့်ရင်း မိမိဘာသာအနည်းငယ် စိတ်ချလက်ချဖြစ်စေသည်။

သီးသန့်အချစ် || ဘာသာပြန် ||『 Completed』Wo Geschichten leben. Entdecke jetzt