အခန်း - ၂၉

6.5K 1K 9
                                    

『Unicode』



ရှရှီးအိုက်မှာ သုံးစက္ကန့်တင်းတင်း မှင်သက်သွားပြီးမှ စကားထွက်လာနိုင်သည် : "........ခင်ဗျား တော်တော်ပဲ ရဲတင်းလွန်းမနေဘူးလား ? ကျွန်တော့်အမြင်ကိုတောင် မေးကြည့်ဖူးခဲ့ရဲ့လား ? "

ကျန်းလျိုရှန်းဟာ စာစီထားခဲ့ပြီ : " အရင်ဆုံး ပြီးအောင်နားထောင်ပါဦး။ ဒါက ဟယ့်အန်းရိုက်မဲ့ ဇာတ်မြူးပုံစံဒရာမာ။ အဲ့မှာ ဇာတ်ကွက်နည်းနည်းပဲ ပါရမယ့် အဆိုတော်တစ်ယောက်နေရာရှိပြီး သူ့ရဲ့အဓိကတာဝန်က ရုပ်ရှင်အဖွင့်သီချင်းကို ဆိုရမှာဖြစ်နေတုန်းပဲ။ မင်းကလွဲရင် တခြား ဘယ်သူ ဖြစ်ရဦးမှာတဲ့တုန်း ? ဒါကြောင့် ကိုယ်လဲ ချက်ချင်း မင်းကို အကြံပေးလိုက်တာပေါ့ "

ရှရှီးအိုက်မှာ အနှီိစကားကိုကြားပြီးနောက် နှလုံးရောဂါပါရလုနီးပါး ဖြစ်လာ​၏ : " ခင်ဗျားက အရင်တုန်းက တစ်ခါမှသရုပ်မဆောင်ဖူးတဲ့သူ, ကျွန်တော့်ကို.... ဟယ့်အန်းရဲ့ ဇာတ်ကားမှာ သရုပ်ဆောင်ခိုင်းချင်နေတာပေါ့လေ ? "

ဟယ့်အန်းကို သူက ဘယ်သူလို့ထင်နေသနည်း ? နိုင်ငံတကာရော ပြည်တွင်းမှာပါ ပထမတန်းစား ဒါရိုက်တာလေ ! မြောက်မြားစွာသော ဆုတွေကို ဆွတ်ခူးပိုင်ဆိုင်ထားပြီး ရွှေရုပ်ရှင်ဆုပေးပွဲ​၏ ဒိုင်များထဲမှ တစ်ယောက်လည်း ဖြစ်ပေသည်။ သူဟာ သရုပ်ဆောင်များအပေါ်မှာ အလွန်အကျွံတင်းကျပ်တဲ့ သတ်မှတ်ချက်တွေထားရှိပြီး သရုပ်ဆောင်လောကနှင့် ဘာမှမဆ်ိုင်ပါသော ရှရှီးအိုက်ပင်လျှင် သူ့အကြောင်း ကြားသိထား​၏။ အရင်တုန်းက လူရွေးပွဲသွားခဲ့သည့် လုံရှင်းကနာမည်ကြီး သရုပ်ဆောင်တစိယောက်ရှိခဲ့ရာ ရက်ရက်စက်စက် ဝေဖန်ပြောဆိုခံရပြီး အဆုံးသတ်ခဲ့ရသည်။ သူ့ခမျာအလွန် စိတ်ဓာတ်ကျသွားရကာ သရုပ်ဆောင်အလုပ်ကိုပင် လက်လွှတ်တော့မတတ်ဖြစ်ခဲ့ဖူးလေ​၏။

သူသည်ကား သရုပ်ဆောင် အတွေ့အကြုံမရှိပါသော အဆိုတော်တစ်ယောက်​။ ဘယ်လိုလုပ်ပြီး ဟယ့်အန်း​၏ ဇာတ်ကား၌သရုပ်ဆောင်ဖို့ ထိုက်တန်မည်နည်း ?

" စိတ်မပူပါနဲ့ " ကျန်းလျိုရှန်းက ဆိုသည်။ " ကိုယ်အလုံးစုံ စီစဉ်ထားပြီးပြီ။ မင်း သရုပ်ကောင်းကောင်းမဆောင်နိုင်ခဲ့ရင်တောင် အများဆုံးမှ ကြိမ်းမောင်းခံပြီး လူစားထိုးခံရရုံပဲ။ အဖွင့်သီချင်းကတော့ မင်းဆိုတာပဲ ဖြစ်နေဦးမှာ "

သီးသန့်အချစ် || ဘာသာပြန် ||『 Completed』Where stories live. Discover now