အခန်း - ၂၈

6.3K 1.1K 19
                                    

『Unicode 』



သူတို့ စာချုပ်ရပ်စဲပြီးနောက် လုံရှင်းမှ ပထမဆုံး တရားဝင် Weibo ပို့စ်ကို ထုတ်ပြန်ခဲ့ပြီး အချို့သောအကြောင်းပြချက်များကြောင့် နှစ်ဖက်စလုံးက စာချုပ်ကို အေးအေးချမ်းချမ်းပင် ရပ်စဲလိုက်ကြောင်း ပြောကြားခဲ့သည်။

ထို့ကြောင့် အွန်လိုင်းမှာ ဆွေးနွေးမှုများစွာရှိခဲ့ပြီး ရှရှီးအိုက်​၏ ဖန်တွေကတော့ လက်ခုပ်ဩဘာပေးကာ အော်ဟစ်ကြ​၏ :

[ နောက်ဆုံးတော့..... ဂုတ်သွေးစုပ်တဲ့ ဒီကုမ္ပဏီနဲ့ သူ့စားချူပ်ရပ်စဲလိုက်ပြီ! ! ! တစ်ကမ္ဘာလုံး ဆင်နွှဲကြစို့ ! ! ! ဒီ ဝေးပေါ်ပိုစ့်ကို ပြန်ရှဲရင် YSL ပစ္စည်းသုံးခု မဲပေါက်နိုင်မဲ့ အခွင့်အရေးရှိပါတယ် ! !]

[ သူတို့တွေနဲ့ တစ်နှစ်ကျော်ရှိခဲ့တာတောင် သူ့ကို ကိုယ်ပိုင်အယ်ဘမ်ထုတ်ဖို့ ခွင့်မပြုခဲ့ဘူး။ သူတို့လုပ်ခဲ့သမျှက သူ့ကို နေ့တိုင်း ကြော်ငြာတွေရိုက်ခိုင်းပြီး သူ့အရည်အချင်းတွေကို မြေမြှုပ်ပစ်ခံထားရတာပဲ ! အခု ငါ့ကလေးက စိတ်အေးလက်အေးနဲ့ သီချင်းတွေ ရေးနိုင်တော့မယ် ​! ]

[ အချိန်ကြာကြီးအသက်ရှင်ပြီးရင် ဘာမဆိုဖြစ်နိုင်တာပဲ ! ပေါင်ပေ့ရေ မင်းမျက်လုံးကိုရှင်ရှင်ထားပြီး နောက်ထပ်ကုမ္ပဏီကမင်းကို ရိုက်စားထပ်မလုပ်အောင် သေချာလုပ်ရမယ်နော် ! ပိုကောင်းတာကတော့ ကိုယ်ပိုင်စတူဒီယိုသာ စထောင်လိုက်ပါတော့ ! ]

ဖြတ်သွားဖြတ်လာတို့ကလဲ " တချို့သော အကြောင်းပြချက် " ဘာလဲဆိုတာနှင့် ဘယ်ကုမ္ပဏီက အနှီ နာမည်ကြီးအဆိုတော်သစ်လေးကို ခေါ်မလဲဆိုတာအား ခန့်မှန်းနေခဲ့ကြသည်။

ရှရှီးအိုက်ဟာ တစ်ပတ်တင်းတင်း Searchကို လွှမ်းမိုးထားသဖြင့် ရွှီထုံမှာ ပျော်ရွှင်လာရ​၏။

" ငါ့မျက်လုံးတွေ မမှောက်ဘူးဆိုတာ ငါသိတယ်၊ ငါသေချာပေါက် မှန်ကန်တဲ့ ပေါင်ကို လှမ်းဖက်ထားတာပဲ။ ပြီးခဲ့တဲ့ နှစ်ရက်တုန်းက ကုမ္ပဏီမျိူးစုံကြောင့် ငါ့ဖုန်းတောင် ပေါက်ကွဲတော့မလို့။ ငါ့လို လက်ထောက်အငယ်လေး တစ်ယောက်ကမန်နေဂျာဖြစ်ရတဲ့ ခံစားချက်ကို ရုတ်တရက်ကြီးရလာတယ်။ ကိုယ့်ကိုယ်ကိုတောင် အထင်ကြီးသွားသလိုပဲ "

သီးသန့်အချစ် || ဘာသာပြန် ||『 Completed』Where stories live. Discover now