အချပ်ပို ၁ : အပိုင်း ၃

5.2K 702 9
                                    

Unicode

《အချပ်ပို ( ၁ ) : မျှော်လင့်ချက်လမ်းတစ်လျှောက် ( ၃ )》


ပတ်ပတ်လည်ရှိဖန်များက အော်ဟစ်လိုက်ကြပြီး ထိတ်လန့်ပူပင်စွာဖြင့် ဝရုန်းသုန်းကားဖြစလာကြသည်။ အနောက်မှဝန်ထမ်းများလည်း ထိတ်လန့်သွားကြပြီး ချက်ချင်း ကယ်ရန် ဆင်းကြမည်အပြု ၊ ထိုအခိုက်မှာပဲ ကျန်းလျိုရှန်းက အရင်ရေပေါ်ပေါ်လာ​၏။

သူက နှစ်ခါသုံးခါလောက် ယက်၍ အမြန် လှေဘေးဘက်ကို ကူးလာသည်။ ပြီးလျှင် လှေဘေးကို ကုတ်တွယ်လျက်မျက်နှာပေါ်က ရေခဲတမျှရေတွေကို သပ်ချလိုက်ပြီး တည်ကြည်စွာဆိုလိုက်သည် : " အရင် ကမ်းကပ်လိုက် "

သူ မြေပေါ်အခြေချလိုက်သည်နှင့် သက်တော်စောင့်အားလုံးက ချက်ချင်း လေးလံလှသည့် အဝတ်စိုကြီးတွေကို ချွတ်ပေးကာ လေကာကုတ်အင်္ကျီကို ဝတ်စေ၍ အနီးနားရှိဟိုတယ်တစ်ခုကို ရှာကာ Heaterဖွင့်ထားသော အခန်းထဲသို့ ဝင်သွားစေခဲ့သည်။ ထို့နောက် သူ့ကို ရေပူနှင့် ရေချိူးစေပြီး အပူချိန်တိုင်းရန် ဆရာဝန်ကို ရှာဖွေကြရ​၏။မည်သူကမှ အမှားတစ်ခုပင်မလုပ်ရဲပါချေ။

သူ အဆင်ပြေနေတာကို မြင်ကြရပါမှ အားလုံးလဲ သက်မ,ချလိုက်ကြရ​၏။ ထို့နောက် PRပိုစ့်တစ်ခု တင်ရန် ဒါရိုက်တာထံသို့ အသိပေးဖို့ သွားရပြန်သည်။ အကြောင်းမှာ ရိုက်ကူးရေးလုပ်စဉ်၌ ဖန်တွေအများကြီး ပတ်ဝန်းကျင်မှာရှိနေတာကြောင့် ကျန်းလျိုရှန်းရေထဲပြုတ်ကျသည့် ဖြစ်ရပ်က အင်တာနက်တခွင် ပျံနေလောက်ပြီပင်။

ရှရှီးအိုက်မှာ သည်အရာတွေ တွေးချိန်ပင် မရပဲ စိတ်ပူပန်စွာ ကျန်းလျိုရှန်းနှင့် အစမှအဆုံးတိုင် နေပေးခဲ့သည်။ သူက သူ့အတွက်တဘက်ကမ်းပေး ၊ ဆံပင်အခြောက်ခံပေးရုံသာမက ၊ သန့်စင်ခန်းသွားလျှင်တောင် မူးလဲမည်စိုး၍ အနောက်ကနေလိုက်နေခဲ့​၏။

ကျန်းလျိုရှန်းကမူ အအေးဒဏ်ကြောင့် နှုတ်ခမ်းတွေနည်းနည်းဖြူနေတာကလွဲရင် အခြေအနေကောင်းမွန်ပုံရ​၏။ သို့တိုင်ရှရှီးအိုက်မှာ သူ့ဗိုက်ဝေဒနာသည် ပင်ကိုအားဖြင့် အအေးမိရာမှလာမှန်း သိထားခဲ့သည်။ သူက အအေးမိခဲ,တယ်ဆိုသည့်တိုင် ယနေ့တွင်တော့ ဤမျှပြင်းထန်သည့် အအေးဓာတ်ကို ကြုံတွေ့လိုက်ရ၍ မျက်နှာမှာ ဘာမှ မပြပါလျှင်တောင် သူ့ခန္ဓာကိုယ်ကတော့ သက်တောင့်သက်သာဖြစ်နေမည်မဟုတ်ပေ။

သီးသန့်အချစ် || ဘာသာပြန် ||『 Completed』Kde žijí příběhy. Začni objevovat