အခန်း - ၅၉

7.3K 1K 19
                                    

『Unicode』



ညစာစားပွဲ ခင်းကျင်းပြီးသော် ဧည့်သည်တွေက တစ်ယောက်ပြီးတစ်ယောက် ခန်းမထဲသို့ ဝင်လာကြသည်။ ပရဟိတကပဓာနဖြစ်သည်မို့ တည်နေရာ အပြင်အဆင်မှာ လွန်လွန်ကဲကဲ တန်ဖိုးကြီးသည့်လမ်းကြောင်းပေါ် မလိုက်ပါဘဲ လူတွေနှင့်နီးစပ်စေရန် သဘာဝအလျောက်ဖြစ်အောင် ကြိုးပမ်းထား​၏။ မည်သို့ဆိုစေ ဧည့်သည်အားလုံးက အနုပညာရှင်များနှင့်နာမည်ကြီးတွေသာဖြစ်သည်မို့ မျက်နှာချင်းဆိုင်တွေ့ဆုံမှုတချို့ရှိရမည်ဖြစ်ရာ အလှဆင်ပန်းများနှင့် ဟင်းအမယ်တို့ကိုအရှေ့တည့်တည့်တွင် ရွှေ့ထုတ်ထားသဖြင့် လတ်ဆတ်၍ လက်ရာမြောက်နေလေသည်။

ကျန်းလျိုရှန်းနှင့် ရှရှီးအိုက်တို့မှာ ပွဲစီစဉ်သူ၏ ဦးစားပေး ဆက်ဆံမှုကို မြင်နိုင်လောက်မည့် ပထမတန်းက အဓိကစားပွဲမှာထိုင်နေကြသည်။ အရင်တစ်ခေါက်က ဤသို့သော အကြီးစားအဆင့်ပွဲဲမှာ ထောင့်လေးတွင် နေရာချထားခံခဲ့ရသည့်ဖြစ်ရပ်မှန်ကို တွေးမိသွားလျှင် ရှရှီးအိုက် နည်းနည်းလေး ခံစားသွားရ​၏ : " ကျွန်တော် မျက်နှာသာလဲရနိုင်သလို ၊ မျက်နှာလဲပျက်နိုင်တယ်လို့ ထင်ခဲ့ပေမယ့် အဆုံးကျ ခင်ဗျားရှေ့မှာ အရှက်ရခဲ့ရတာပါပဲ။ "

" ဘာမှ ရှက်နေစရာမရှိပါဘူး။ ကိုယ်သာ မင်း အရမ်းဝမ်းနည်းနေတာကို မမြင်ဖူးခဲ့ရင် ကိုယ်မင်းကို အဲ့လောက် ဂရုစိုက်မိနေမှန်း သိနိုင်ခဲ့မှာ မဟုတ်ဘူးလေ။ " ထိုအချိန်တုန်းက သူ့ကလေးမှာ အကြီးအကျယ် မတရားသဖြင့် ခံခဲ့ရလေမှန်း ကျန်းလျိုရှန်းကသိတာကြောင့် နှစ်သိမ့်ပေးလိုက်​၏ : " ဘာပဲဖြစ်ဖြစ် မင်းပိုင်တာက မင်းပိုင်တာပါပဲ။ မျက်နှာသစ်ဆုလေးတစ်ခုတင်ပါ ဘာတွေ ရေးကြီးခွင့်ကျယ်မို့လို့လဲ။ မင်းက ရွှေတေးဂီတဆုအတွက် ယှဉ်ပြိုင်ချင်တဲ့သူတွေထဲက တစ်ယောက်ပဲ။"

အရင်တစ်ခေါက် မျက်နှာသစ်ဆုကို ထည့်ပြောလိုက်သည်နှင့် ကျန်းလျိူရှန်း​၏ မျက်နှာမှာ မဆိုစလောက် အေးစက်သွား​၏ : " မျက်နှာသစ်ဆုကို ယုတ်မာပြီး မင်းကို ဝမ်းနည်းအောင်လုပ်ခဲ့တာတွေအကုန် သွမ့်ကောင်ပဲ​။ မပူနဲ့ ကိုယ်သူ့ကို မင်းအတွက် သင်ခန်းစာပေးပြီးပြီ။ "

သီးသန့်အချစ် || ဘာသာပြန် ||『 Completed』Kde žijí příběhy. Začni objevovat