အခန်း - ၇၄

8.8K 1K 58
                                    

『Unicode 』


Warning : Mature Contents / dirty words

Read at your own risk or skip this chapter


ထိုသို့ကြားလျှင် ရှရှီးအိုက်​၏ မျက်နှာလေးမှာ တစ်မုဟုတ်ချင်း ပူသွားရသည် : " ဒီလိုဖြစ်နေပြီးတာတောင် ၊ ခင်ဗျားမဟုတ်တာတွေ တွေးနိုင်သေးတယ်နော်...... "

" ဘာကို မဟုတ်တာတွေလဲ ? " ကျန်းလျိူရှန်းက မျက်မှောင်ကြုတ်လျက် : " ဒါက ရဲဘော်ရှရှီးအိုက်က ရဲဘော်ကျန်းလျိုရှန်းကို အပြည့်အဝ ယုံသလား မယုံဘူးလားဆိုတဲ့ အရေးကြီးသက်သေပဲလေ။ ပြီးတော့ ဒါက ကိုယ်တို့ရဲ့ လုံးဝဥဿုံပြောင်းလဲပစ်လိုက်တဲ့ ချစ်ကြည်ရေးကို ပိုပြီး ချောမွေ့လာစေမဲ့ အဓိက သော့ချက်ပဲ။ အချစ်ရဲ့ကြီးကျယ်လှတဲ့ ဂုဏ်အသရေက ဂီတလောကနဲ့ ရုပ်ရှင်လောက အတူတူ လက်ချင်းတွဲယှက်မှုကို ပြသနေတဲ့ မြင့်မြတ်တဲ့အခိုက်အတန့်လေ။ ဒါကို ဘယ်လိုလုပ်ပြီး မဟုတ်တာလို့ ခေါ်နိုင်ရတာလဲ ! ? "

"........"

ရှရှီးအိုက်က သူ့ကို အပြည့်အဝယုံကြည်တာကြောင့် : ဒ နမ်းချင်ရင်လဲ နမ်း ၊ အဓိပ္ပာယ်မရှိတာတွေ များလွန်းအားကြီးတယ်။ "

" မင်း ပြောသလိုပဲပေါ့။ " ကျန်းလျိုရှန်းဟာ ချက်ချင်း ပြုံးရွှင်သွားပြီး သူ့ကို လက်ယမ်းပြကာ : " ဒီလာခဲ့​... မင်းကောင်လေးကို အရင် လာနမ်းပါဦး "

နမ်းခြင်းက ဘာမှမဟုတ်ပေ ။ ဘာပဲဖြစ်ဖြစ် သူတို့ နှစ်ယောက်က အကြိမ်ပေါင်းများစွာ နမ်းရှိုက်ဖူးခဲ့ပြီးသား​။ ဒါအပြင်ကျန်းလျိူရှန်းက သူ့ကို ကာကွယ်ရင်း ဒဏ်ရာရထားတာကြောင့် ဘယ်လောက်ပဲ သူ အလျော်အစားပေးရပါစေ.....လုပ်သင့်သည်ပင်။

ရှရှီးအိုက်က တုံ့ဆိုင်းမနေ ၊ အသာငုံ့ကိုင်း၍ Backstage မပြီးမြောက်နိုင်ခဲ့တဲ့လုပ်ရပ်ကို ပြီးအောင် လုပ်လိုက်​၏။

ကျန်းလျိုရှန်းက သူ့ခါးကို လက်မောင်းနှင့် ဖက်တွယ်လိုက်ပြီး သူ့ဘက်သို့ ကိုင်းညွှတ်လာစေကာ သူ့ခေါင်းကို ပခုံးတွင်မှီစေပြီး မျက်နှာဘေးတိုက်ဖြင့် ညင်သာစွာ နမ်းရှိုက်လိုက်​သည်။ လျှာဖျားက နှုတ်ခမ်းပုံစံအတိုင်း ခြေရာကောက်နေပြီးလေးကိုင်းပုံလေးကို နမ်းလိုက်ကာ ၎င်းနောက် လျှာနုနုလေးကို ဆွဲထုတ်၍ ဖွဖွလေး အရသာခံနေ​၏။ ခဏအကြာ ၎င်းတို့တွေ ခွာသွားပြီး ခွာသွားသည့်အကြိမ်တိုင်း တမင်ပင် နမ်းရှိုက်သံတွေကို တမင်ထုတ်ပေးနေခဲ့လျက် မခွဲနိုင်မခွာရက်။

သီးသန့်အချစ် || ဘာသာပြန် ||『 Completed』Where stories live. Discover now