အခန်း -၆၀

7.2K 1K 21
                                    

『Unicode』



သူတို့နှစ်ယောက်သည်ကား တခြားဘယ်သူမှမရှိသလို အတော်ကြာမျှ စကားစမြည်ပြောခဲ့ကြလေသည်။ ဤစားပွဲရှိဧည့်သည်တွေ နောက်ကျမှရောက်လာကြတာပင်။ပထမဆုံးအကြိမ်တွေဖူးသည့် သည်လောကအတွင်းက နာမည်ကြီးများနှင့် စီနီယာတွေများစွာလည်း ရှိနေလေသည်။ ကျန်းလျိုရှန်းက ရှရှီးအိုက်ကိုပျူငှာစွာမိတ်ဆက်ပေးခဲ့ပြီး ခရီးတစ်ထောက်လောက်အကြာတွင်တော့ ကွန်ရက်က နှစ်ဆလောက်တိုးလာသည်ဟု ခံစားရ​၏။

ညရှစ်နာရီ၌ ညစာစားပွဲ​၏ တိုက်ရိုက်ထုတ်လွှင့်မှု စတင်ခဲ့သည်။

အကြာကြီး ပျောက်သွားပါသော လီလော့ကလဲ ပြန်ပေါ်လာ၍ ကျန်းလျိုရှန်းနံဘေးက ထိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။ သူ့မျက်လုံးတွေက ဧည့်ခံစားပွဲပေါ်သို့ ကျရောက်လာသည့်တိုင် စိတ်မပါဖြစ်ကာ လမ်းပျောက်နေသလိုပင်။

ကျန်းလျိုရှန်းက သူနှင့် ပြောဆိုတော့မည်အပြု၊ ရုတ်တရက် အစီအစဉ်မှုးက သွမ့်မင်ယန်​၏ နာမည်ကို ကြေညာလိုက်သည်အား ကြားလိုက်ရသည်။

ဒင်နာပွဲစီစဉ်သူ ခေါင်းဆောင်တွေထဲမှ တစ်ယောက်ဖြစ်သည့်အလျောက် သွမ့်မင်ယန်ဟာ ပထမဆုံးတန်းရှိ အဓိကအလယ်စားပွဲမှာ ထိုင်နေခဲ့သည်။သူကအားလုံး​၏ လက်ခုပ်ဩဘာကိုခံယူရန် မတ်တပ်ထရပ်လိုက်​၏။သူ ပြန်အထိုင်တွင်တော့ သူတို့စားပွဲဝိုင်းဆီသို့ ရည်ရွယ်၍သော်၎င်း ၊ မရည်ရွယ်၍သော်၎င်း တစ်ချက် ကြည့်လိုက်သေးသည်။

ကျန်းလျိုရှန်းက ကိုယ်ရေးကိုယ်တာ မကျေနပ်ချက်တွေကို ယာယီဘေးချိတ်၍ လီလော့ပခုံးကို ပုတ်ကာ နှစ်သိမ့်လိုက်သည် : " ဘာမှမဖြစ်ဘူး။ ကိုကိုရှိတယ် "

" ငါကိုလာပြီး အခွင့်ကောင်းယူမနေနဲ့။ ငါက မင်းဖေ " လီလော့မှာ အသိစိတ်ပြန်ဝင်လာ၍ သူ့ကို အပြုံးဖြင့် ဆဲရေးလာ​၏။

ရှရှီးအိုက်မှာ သူတို့နှစ်ယောက်နှင့် သွမ့်မင်ယန်ကြားက အဖြစ်အပျက်တွေကို မသိပါချေ။ ဘေးမှာအပြင်လူတွေလဲရှိတာကြောင့် မေးခွန်းမေးဖို့အဆင်မပြေသည်ဖြစ်၍ သံသယတွေကို ယာယီ ထိန်းလိုက်ရင်း အစီအစဉ်မှုးက ဒင်နာပွဲစဉ်ဆက်ကြေညာသည်အား နားထောင်နေလိုက်တော့​၏။

သီးသန့်အချစ် || ဘာသာပြန် ||『 Completed』Where stories live. Discover now