အခန်း - ၁၈

6.4K 1.1K 28
                                    


『Unicode 』


ရှရှီးအိုက်​၏ ခြေလှမ်းတွေ ဆတ်ခနဲ့ ရပ်သွား​၏။

" သီချင်းစာသားနဲ့သံစဉ်က မင်းတာဝန်ဖြစ်လာမှာပဲ " ကျန်းလျိုရှန်းက သူ့ထံ ဟိုယောင်ယောင်သည်ယောင်ယောင်ဖြင့်ဖြည်းဖြည်းချင်း လျှောက်လာပြီး : " အဲ့ဒါက တစ်နှစ်နားပြီးနောက် ကိုယ့်ရဲ့ပထမဆုံးရုပ်ရှင်ကားဖြစ်လာမှာ။ ကိုယ်ကဇာတ်ညွှန်းတချို့တလေကို မြင်ထားပြီးပြီ၊ ကိုယ်ကတိပေးတယ် အနည်းဆုံးတော့ မင်း Box Officeမှာ ၃ဘီလီယံလောက်၀င်လိမ့်မယ်။ အဲ့ဒီအချိန်ဆို မင်းသီချင်းကို တစ်ကမ္ဘာလုံး နားထောင်ကြပြီး တစ်နိုင်ငံလုံးကလဲ မင်းပရိတ်သတ်တွေဖြစ်လာလိမ့်မယ်။ မင်း​​ အဆွယ်ခံလိုက်ရပြီလား ? "

သူ အလွန်အမင်း အဆွယ်ခံလိုက်ရပါကြောင်း ရှရှီးအိုက် ဝန်ခံရမည်ပင်။

သူဟာ သီချင်းဆိုရတာကြိုက်ပြီး အသိအမှတ်ပြုခံဖို့လဲ စိတ်ရှိ​၏။ သူဟာ ကုမ္ပဏီတစ်ခုနှင့်စာချုပ်ချုပ်ပြီးသောအခါ ပိုကြီးကျယ်တဲ့စင်မြင့်ပေါ်ကို တက်သွားနိုင်ပြီး တစ်ကိုယ်တော် ဖျော်ဖြေပွဲ ကျင်းပနိုင်မည်ဟု တွေးထင်ခဲ့ပေမယ့် ပြီးခဲ့သည့်နှစ်တွေအတွင်း ကုမ္ပဏီက သူ့ကို စီးပွားဖြစ် concertတွေနှင့် ကြော်ငြာတွေကိုပဲ ပိုမို ပေးအပ်ခဲ့သည်။ အကြောင်းကတော့ရှင်းသည် ; ဒီနည်းတွေနဲ့ဆို ငွေပိုဝင်တာကြောင့်ပင်။

Singleသီချင်း အနည်းစုလောက် ထုတ်ပေးထားခဲ့ပြီး ယေဘုယျအားဖြင့် အားလုံးကို ကုမ္ပဏီက ရွေးချယ်ပေးခဲ့ကာ လူထု​၏ ခံစားချက်ရသနှင်ကိုက်ညီမည့် အလားအလာရှိသည်များသာပင်။တုံ့ပြန်ချက် အလွန်ကောင်းပြီး သူ​၏ ထင်ပေါ်ကျော်ကြားမှုကြောင့် ထိပ်ဆုံးဇယားကို ရောက်ဖို့ အလွယ်လေး ဖြစ်ပေမယ့် ဘာပဲဖြစ်ဖြစ် စင်စစ်တွင်တော့ သူဟာ ဒီလိုပုံစံမျိုးကို မနှစ်သက်ပါချေ။

သူဟာ သူတကယ်ကြိုက်တဲ့ သီချင်းတွေကိုပဲ ဆိုချင်တာဖြစ်သည်။

အတိတ်တချိန် ၊ သူ ကျောင်းကထွက်ပြီး ဘားတွေမှာ သီချင်းလိုက်ဆိုစဉ်က သူ ရေးထားသောသီချင်းများက အလွန်ကလေးဆန်၍ ရိုးရှင်းသည့်တိုင် သူ ပျော်ပျော်ကြီး သီဆိုခဲ့ရပါ​၏ ။ ယခုမူ သူ့မှာ ငွေနှင့် အောင်မြင်မှုရှိလာပြီဖြစ်၍ သူဟာလက်တွေ့ဆန်သည့် ခြေချင်းမျိူးစုံဖြင့် ချည်ထားခံရနေပြီပင်။

သီးသန့်အချစ် || ဘာသာပြန် ||『 Completed』Wo Geschichten leben. Entdecke jetzt