အခန်း - ၁၅

6.9K 1.1K 29
                                    


『Unicode』


စူးကျစ်ကပဲ ခရီးသွားတွေကို အောင်အောင်မြင်မြင် ဆွဲဆောင်နိုင်ဟန်တူ​၏။ ဆိုင်​၏ ဘဲလ်က တွန်းပွင့်၍ မြည်လာပြီးပထမဆုံးဝယ်သူ ဝင်လာခဲ့သည်။

ရှရှီးအိုက်စိတ်တွေ တက်ကြွလာပြီး ကျန်းလျိုရှန်းအား တစ်ချက် ကပျာကယာကြည့်လိုက်သည်။ မည်သို့ဖြစ်စေ တစ်ဖက်လူ​၏ မျက်လုံးတွေက ...... သူ့ အောက်ပိုင်းတစ်ဝက်ဆီရောက်နေတာကို သူ တွေ့လိုက်ရ​၏။

ကင်မရာမန်းရှိနေသည်ဖြစ်၍ သူ့ခမျာ မဆဲနိုင်တော့ပဲ သူ့စကတ်အစွန်းကိုသ ဆွဲချလိုက်ပြီး အတတ်နိုင်ဆုံး ဖုံးကြိုးစားလိုက်ရ​၏ : " ခင်ဗျား ဘာကြည့်နေတာလဲ။ ဧည့်သည်လာနေပြီ။ မြန်မြန်လာနှုတ်ဆက်ချေ "

ကျန်းလျိုရှန်း​က သူ​၏ စိုးရိမ်တကြီးသွင်ပြင်လေးကို မြင်လျှင် ခပ်ဖွဖွရယ်လိုက်ပြီး သူ​၏ ရောက်တတ်ရာရာ အတွေးတွေကို ပြန်ရုတ်လိုက်သည်။ သူ အမြန်ထ၍ ဂျာကင်ကို ချွတ်လိုက်ပြီး ရှရှီးအိုက်ထံ ပစ်ပေးလိုက်​၏။ ၎င်းနောက် သူက အမျိူးသမီးကာစတန်မာအသစ်ကို ဦးညွှတ်၍ ပြုံးပြလိုက်ပြီး : " Good afternoon, madam. What can I do for you? "

အမျိုးသမီးကာစတန်မာ​၏ မျက်လုံးတွေ လက်ကနဲ့ဖြစ်သွားပြီး လေသံအနေအထားက ပျော့ကျသွားရသည် : " Hi...I saw the bracelet in the show window. Can I try it on? "

" Of course. Wait a moment, please "

ရှရှီးအိုက်မှာ ကျန်းလျိုရှန်း ကိုယ်အပူချိန်ကျန်ရှိနေဆဲ ဂျာကင်ကို ကိုင်ထားမိလျက်သား။ သူဟာ လူနှစ်ယောက်စကားပြောနေတာကို နားထောင်ရင်း တောင့်တင်းနေခဲ့ပြီး လုံးဝမှ စွက်ဖက်နိူင်စွမ်းမရှိ။

" ဘာတွေ ငေးငိုင်နေတာတုန်း ? " ကျန်းလျိုရှန်းက ရောက်လာပြီး သူ့ခေါင်းကို ခေါက်လိုက်သည်။ " ကာစတန်မာကပြတင်းပေါက်နားက လက်ကောက်ကို စမ်းကြည့်ဝတ်ချင်နေတာ။ မြန်မြန်သွားယူလိုက်လေ "

" အ-အင်း ကျွန်တော်ချက်ချင်းသွားလိုက်မယ် " ရှရှီးအိုက် အရှေ့တစ်လှမ်းလှမ်းလျှင် လှမ်းချင်း သူဟာ ကျန်းလျိူရှန်းထံမှ ပြန်ဆွဲခေါ်ခံလိုက်ရ​၏​၏

သီးသန့်အချစ် || ဘာသာပြန် ||『 Completed』Where stories live. Discover now