အခန်း - ၇

7.9K 1.1K 25
                                    


『Unicode』


ညစာစားပွဲက ဖြစ်ပျက်ခဲ့သည့် အဆင်မပြေခြင်းဟာ ကျန်းလျိုရှန်းအတွက်တော့ အကြာကြီး တနုံ့နုံ့ ဖြစ်စရာမဟုတ်ခဲ့။ ဘာပဲဖြစ်ဖြစ် သိက္ခာရှိသည့် စီနီယာတစ်ယောက်ဖြစ်သည်မို့ ဤမျှအသေးအဖွားလေးနှင့် သူ့အမူအကျင့်တွေကို ဆုံးရှုံးလိုက်ရပါက တန်မည်မဟုတ်ပေ။

အနည်းဆုံးတော့ အပေါ်ယံအနေနှင့် အနှီခွေးသားလေးအား တရားလွန်လည်ပင်းညှစ်ချင်နေကြောင်း ဖော်ပြလို့မရသည်ဖြစ်​၏။

ဆောင်းဦးပါတီတွင် ပွဲဦးထွက်ပြီးနောက် သူဟာ တရားဝင်ပြန်လာပြီဟု ယူဆလို့ရသည်။ ရုတ်ခြည်းပင် ကြော်ငြာဖိတ်ခေါ်မှုနှင့် ရုပ်ရှင်ဇာတ်ညွှန်းတွေက ဒလဟောပေါ်ပေါက်လာကာ သူတို့တစ်ခုချင်းဆီက " ရုပ်ရှင်ဧကရာဇ်ကျန်း​ ပြန်လည်ပေါ်ထွက်လာပြီးနောက် ပထမဆုံးပါတနာ " ဟူသော ဗန်းစကားကို ရယူလိုကြသည်။

အနှီ စိတ်အားထက်သန်သည့် ဖိတ်ခေါ်သူများနှင့်ယှဉ်လျှင် ကျန်းလျိူရှန်းကိုယ်တိုင်က အလွန်တရာ အေးအေးလူလူရှိလှ​၏။ ဘာပဲဖြစ်ဖြစ် သူက ကိုယ်ပိုင် စတူဒီယိုကို တည်ထောင်ပြီးကတည်းက မည်သည့် အကျိူးဆောင်ကုမ္ပဏီနှင့်မှ ပတ်သတ်ခြင်းမရှိတော့ပေ​။ သူလုပ်ချင်တာမှန်သမျှ သူလုပ်နိုင်သည်။

မည်သို့ဖြစ်စေ ထူးချွန်၍ ကြင်နာတတ်သော အနုပညာရှင်တစ်ယောက်​၏ ပရော်ဖက်ရှင်နယ်ဆန်ဆန် ကျင့်ဝတ်တို့အလျောက် တစ်ပတ်မျှ အနားယူပြီးသည်နှင့် သူဟာ ပြန်လာပြီးနောက် Weiboမှာ ပထမဆုံး စီးပွားရေးပိုစ့်ကို တင်ခဲ့လိုက်သည်။

[ Morning ~ ကိုယ်ပြန်လာပြီ။ ]

တွဲလျက်ကပ်ပါလာသည့်က ယခုမှ အိပ်ရာထက်မှာလှဲရင်း ရိုက်ထားပါသည့် သူ​၏ selfie ပုံ။

ချက်ချင်းပင် ကွန်မန့်တွေက တစ်သောင်းကျော်သွားခဲ့သည်။

[ အား!!!!!!!!!! ယောက်ျားပြန်လာပြီ ဝူး !!!!!! ]

[ အစ်ကို ၊ တရုတ်ကိုပြန်လာတာ တစ်ပတ်ကျော်ပြ်ီကို အခုမှ Weiboတင်တော့တယ် ! ! ! ]

[ ချစ်တယ် ချစ်တယ် ထာဝရချစ်နေမယ်! ! ! ! ! ]

စကားလုံးအများစုဟာ တောင့်တမှုနှင့် ဆန္ဒဇောတွေကို ဖော်ပြနေခဲ့ပြီး သူက ဒါတွေမျိူး ဆယ်နှစ်ကျော်တိုင် မြင်ခဲ့ရပြီးသားပါပင်။ စိတ်ရှည်လက်ရှည်နှင့် ဆက်ဆွဲကြည့်ပြီး သူ့နာမည်နှင့် Hashtagပါသည့် ဖန်တချို့ကိုမြင်လျှင် ထုံးစံအတိုင်းနှိပ်၍ တစ်ချက်ကြည့်လိုက်​၏။

သီးသန့်အချစ် || ဘာသာပြန် ||『 Completed』Where stories live. Discover now