အခန်း - ၁၆

6.8K 1.1K 24
                                    


『Unicode』

ရှိုးပြီးသွားသည့်နောက် တစ်နေ့တာ ရိုက်ကူးရေးဟာ အမှန်တကယ် ပြီးဆုံးသွားချေပြီ။ဒါရိုက်တာက မနက်ဖြန်အတွက်ခရီးစဉ်ကို အမှာစကားပြောပြီးသည်နှင့် ဧည့်သည်အားလုံး နားရန် ကိုယ့်အခန်းကိုယ် ပြန်လိုက်ကြသည်။ ဧည့်သည်တွေ​၏ Privacy ပေါက်ကြားမှုများကို ကာကွယ်ရန် အခန်းတွင်းစီစဉ်ထားသည့် ကင်မရာအားလုံးကို အဝတ်စဖြင့်အကုန်ဖုံးထား​၏။

ရွှီထုံထံမှ မက်ဆေ့ရသောအခါ ရှရှီးအိုက်ဟာ အိပ်ရာပေါ်မှာ လှဲလျက် ဖုန်းထဲရှိ သီချင်းရေးဆောဖ့်ဝဲလ်နှင့် ဆတ်ဆော့နေတာဖြစ်သည်။

[ မောင်လေး ! ရေခဲသေတ္တာထဲမှာ ငါ နင့်အတွက်မစ်တီးဝယ်လာခဲ့တယ် ]

ထိုစကားနှစ်လုံးက ချက်ချင်းဆိုသလို သူ့မျက်ဝန်းတွေကို လက်ခနဲ့ဖြစ်သွားစေ​၏။

သူဟာ ရွှီထုံ သူမဘာသာ ဘယ်နေရာသို့ သွားပျော်နေသလဲ မသိ။ ပရိုဂရမ်က ရိုက်ကူးရေးမှာ လက်ထောက်တွေကို အတူလိုက်ပါလာဖို့ခွင့်မပြုသော်လည်း လူထုအသုံးစရိတ်ဖြင့် အားလပ်ရက်ကို အကျိုးခံစားခွင့်ပြုထား​၏​။ ကံကောင်းလို့ သူမမှာ အသိစိတ်ဓာတ်လေး ရှိနေလို့ပေါ့။

ညမှာ မစ်တီးသောက်တာက အပြစ်အနည်းငယ် ရှိပေငြား သူဟာ သည်နေ့ရှိုးအတွက် အများကြီးပေးဆပ်ထားခဲ့တာမို့ မိမိကိုယ်ကို ကျွေးမွေးခြင်းကတော့ မျှတတာပဲမဟုတ်ပါလား။

သူ့ကိုယ်သူ ဆင်ခြေများစွာ ပေးလိုက်ပြီးနောက် သူ အိပ်ခန်းတံခါးကို ဖွင့်လိုက်​၏။ သူဟာ အမှောင်ထဲမှာ မီးဖိုချောင်ဆီသို့ချွတ်နင်းသွားလိုက်ပြီိး ရေခဲသေတ္တာကိုဖွင့်ကာ မစ်တီိးကို ထုတ်သည်​။ သူ့အခန်းကို ခိုးပြန်ဖို့ ပြင်ခိုက်မှာပဲ ရုတ်တရက်ဧည့်ခန်းမှလာသည့် အသံတိုးတိုးတစ်သံကို ကြားလိုက်ရ​၏။

ဖောက်ထွင်းသူခိုးတော့ မဖြစ်နိုင်ဘူးမလား။

မကြာသေးခင်ကမှ သူဟာ ဥရောပတွင် သူခိုးများစွာရှိကြောင်း ကြားခဲ့ရ​၏။ တစ်အိမ်တက်တစ်အိမ်ဆင်း ဖောက်ထွင်းသူခိုးတွေများလား ? မစ်တီးလေးကိုကိုင်လျက် ရှရှီးအိုက်ဟာ စပ်စုစွာ ဧည့်ခန်းဆီသို့ တိုးကပ်သွားပြီးတစ်ယောက်ယောက်ကို ခေါ်ရန် အသင့်ဖြစ်သွားသည်။ ဘာပဲဖြစ်ဖြစ် အိမ်ဘေးမှာ သန်မာတဲ့ ကင်မရာမန်းအစ်ကိုတွေ ရှိတာကြောင့် ရှုံးမှာကို သူမကြောက်။

သီးသန့်အချစ် || ဘာသာပြန် ||『 Completed』Where stories live. Discover now