အချပ်ပို ၁ : အပိုင်း ၁

6.9K 776 2
                                    


Unicode


《အချပ်ပို ( ၁ ) : မျှော်လင့်ချက်လမ်းတစ်လျှောက် ( ၁ )》



ဆောင်းရာသီရောက်လာသည်နှင့် အပူချိန်က ရုတ်တရက် ကျဆင်းကာ တရုတ်နှစ်သစ်ကူးမတိုင်ခင်မှာပင် အနိမ့်ဆုံးမှတ်ရောက်လို့လာသည်။အနွေးခန်းထဲနေပြီး အပြင်ဘက်မှ တောင်လေ တသွဲ့သွဲ့တိုက်နေတာကို ကြည့်လျှင်ပင် အအေးဒဏ်ကို ခံစားမိရ​၏။ အလုပ်လုပ်ဖို့ အိမ်ထဲကထွက်မည်ဆိုပါက သားမွေးဂျာကင် ထူထူထဲထဲကို ပြင်ဆင်ပြီး လေအေးတစ်စက်မှ မဝင်စေရန် ခေါင်းအစခြေအဆုံး ထုပ်ထားရပေလိမ့်မည်။

ရှရှီးအိုက်ဟာ မကြာသေးခင်ကမှ ရွှေတေးဂီတဆုကို ဆွတ်ခူးထားကာစဖြစ်၍ သည်အတောအတွင်း အလွန်အလုပ်များနေခဲ့​၏။ တစ်ခါတလေ သည်ကုမ္ပဏီက အင်တာဗျူးဖိတ်ခံလိုက်ရ ၊ တစ်ခါတလေ ဟိုကုမ္ပဏီက သီချင်းဆိုဖိတ်ခံလိုက်ရနှင့်ပင်။ ပထမတုန်းက ကျန်းလျိုရှန်းဟာ သွားခွင့်ပြုခဲ့သည်။ ဘာပဲဖြစ်ဖြစ် ဤသည်ကား ဝမ်းမြောက်စရာကိစ္စ။ ဖလင်ကွက်များလေလေ ၊ အနာဂတ်အသက်မွေးဝမ်းကြောင်းအတွက် အကျိုးအမြတ်တွေရလာမှာပင်။

သို့တိုင် တိုက်ရိုက်အင်တာဗျူးအတွင်း ရှရှီးအိုက်က မျက်နှာရဲဲရဲဖြင့် သုံးခါဆက်တိုက် နှာချေလိုက်လျှင် ကျန်းလျိုရှန်းတစ်ယောက် မျက်နှာအိုသွား​၏။ သူ ချက်ချင်း ကလေးအား သားမွေးဂျာကင်နှင့် ထုပ်၍ အိမ်ပြန်သယ်လာခဲ့ပြီး လာမည့်ရက်တွေက လှုပ်ရှားမှုတွေကိုရပ်ရန် အကျပ်ကိုင်လိုက် ၊ ချော့မြူလိုက်လုပ်ခဲ့သည်။

" အသေးစား အအေးမိရုံပါ။ ဆေးသောက်လိုက်တာနဲ့ ကောင်းသွားမှာ။ " ရှရှီးအိုက်က မိမိကိုယ်ကို စောင်လေးနှင့် ထုပ်ထားရင်း နှာစီးနေတာကို ရှုံ့လိုက်​၏။

" မနက်ဖြန်ပွဲက ပရိုမိုးရှင်းဆင်းပြီးပြီ​။ ဖန်တွေကို အချည်းနှီးကြီး ပျော်ခွင့်ပေးလို့မရဘူးလေ "

" ရက်နည်းနည်းလောက် နောက်ဆုတ်လဲ ဘာမှ မဖြစ်ဘူး။ ဖန်တွေက နားလည်တယ်။ " ကျန်းလျိုရှန်းက သူ့အတွက်စောင်ကို လျှိုထည့်ပေးပြီး : " မင်း မယုံရင် ၊ သူတို့ကို Weiboကနေ မက်ဆေ့ပို့ကြည့်။ မင်း အရင်ဆုံးနားရလိမ့်မယ်လို့ကိုယ်အာမခံတယ်။ "

သီးသန့်အချစ် || ဘာသာပြန် ||『 Completed』Donde viven las historias. Descúbrelo ahora