အခန်း - ၃၄

5.9K 1K 29
                                    

『Unicode』


ည၉နာရီခန့်၌ ရှရှီးအိုက်​၏ မူးယစ်ဆေးသုံးစွဲမှု ပေါ်ထွက်လာတော့​၏။ယင်းသည် အင်တာနက်တစ်ခွင်လုံးကို ရုတ်ခြည်းပြင်းပြင်းထန်ထန် လှုပ်ခတ်သွားစေသည့် ဗုံးတစ်လုံးလိုပါပင်။ နေရာတိုင်းမှာ ရသစုံရှိုး​၏ ဓာတ်ပုံနှင့် ဗွီဒီယိုတွေအပြည့်တင်ထားတာကြောင့် Weiboဟာ ဟန်းလုနီးပါးဖြစ်လာရ​၏။ ပွဲကြည့်သူတွေမှာ အကျပ်ရိုက်ကုန်ကြပြီး သူတို့​၏ အမြင်သုံးခု ပြိုကွဲကာ ဆယ်လီတွေ​၏ အကျင့်စရိုက်ကို မယုံတော့ကြောင်း ပြောလာကြသည်။

ည ၁၀နာရီတွင်တော့ ရဲများက ရှရှီးအိုက်သည် မူးယစ်ဆေးစုသုံးရာနေရာမှာ တကယ်ရောက်နေသည်မှန်သော်လည်းစစ်ဆေးလချက်တွင် ပုံမှန်သာဖြစ်ကြောင်း အသိပေးထုတ်ပြန်ခဲ့​၏။ တစ်ချိန်တည်းမှာပင် ရှရှီးအိုက်က စကားလုံးအနည်းငယ်သာပါသည့် ပိုစ့်အသစ်တစ်ခု ရေးသားခဲ့သည် : " ကျွန်တော့်မှာ ဘာမှကွယ်ဝှက်နေစရာမရှိဘူး "

ထို့နောက်မှာတော့ သူ့လက်ထောက်က သူဟာ သူ​၏ အေးဂျင့်ဟောင်းနှင့်ဘာမှမဆိုင်တော့ကြောင်း ၊ နေရာမှာရောက်နေခြင်းကလဲ တိုက်ဆိုင်မှုသက်သက်သာဖြစ်ကြောင်းနှင့် လက်ရှိမှာကောလာဟလတွေကို တားဖို့ သက်သေစုဆောင်းနေကြောင်း ပိုစ့်တင်ခဲ့​၏။

မည်သို့ဖြစ်စေ ဘယ်သူကမှအနှီသေးနူတ်သော ရှင်းပြချက်ကို မယုံကြပါဘဲ မရေမတွက်နိုင်သော Anti-Fanတွေကဟားတိုက်လှောင်ရယ်ဖို့ ညတွင်းချင်းထွက်ပေါ်လာကြသည်:

[ သူတစ်ယောက်တည်း ဖမ်းခံရတာမဟုတ်ဘူးလေ။ ပုံထဲမှာ ယောက်ျားမိန်းမပေါင်းစုံနဲ့ အဲ့ဒီထဲက တစ်ယောက်က ရှရှီးအိုက်ရဲ့ အေးဂျင့်ဟောင်းမလား ? သူ့မန်နေဂျာက ဆေးသုံးတာပဲ။ သူ ဆေးမသုံးရင်တောင် သူ့ကို ကြည့်ရဆိုးသွားအောင်လုပ်နေတာပဲလေ။ ဒီလိုလူမျိူးက ဘယ်လိုလုပ် အိုင်ဒေါလ်ဖြစ်လာနိုင်တာလဲ ? ]

[ သူက အိုင်ဒေါလ်ဖြစ်ပါတယ်လို့ ဝန်မခံခဲ့ပါဘူး။ သူ့မှာလက်ဆုပ်လက်ကိုင်ပြစရာ အလုပ်တောင် မရှိဘူး။သူလုပ်ခဲ့သမျှက တစ်လျှောက်လုံး ပိုက်ဆံရဖို့ စီးပွားဖြစ် ဖျော်ဖြေရေးတွေချည်းပဲ။ သူ့ကိုယ်သူကို အဆိုတော်လို့ ခေါ်ရဲလောက်တဲ့သတ္တိရှိလာမေး။ ရိုးရိုးသားသားနဲ့ ပိုက်ဆံရှာဖို့အတွက် အိုင်ဒေါလ်ဖြစ်ချင်တာပါလို့ပြောဖို့က ရှက်စရာကြီးမလား ? ]

သီးသန့်အချစ် || ဘာသာပြန် ||『 Completed』Where stories live. Discover now