အခန််း - ၁

21.3K 1.5K 64
                                    


『Unicode』


မွန်းလွဲ ၁၂နာရီ၊ တီဗွီစတေရှင် အဆောက်အအုံ​၏ စတူဒီယိုအတွင်၌ 《ထိပ်တန်း ဧည့်သည်တော်》 ဟူသော အင်တာဗျူးပရိုဂရမ်တစ်ခု ရိုက်ကူးရေးလုပ်နေခဲ့သည်။

အစီအစဉ်မှုးဖြစ်သူ ဖန်းဝေက နားသယ်မွှေးလေးတွေကို နားနောက်ညှပ်လိုက်ပြီး မိတ်ကပ်ပါးပါးခြယ်ထားသော မျက်နှာလှလှလေးအား ဖော်လိုက်ကာ၊ သူမအသံက ရေစင်အလား ညင်သာနေခဲ့သည် : " ရှင့်ရဲ့ ဖန်တွေလဲ တကယ်သိချင်နေကြမှာပဲ။တစ်နှစ်လောက် အနားယူပြီး ဘာတွေလုပ်ခဲ့သလဲဆိုတာ အားလုံးကို ပြောပြနိုင်မလား လျိုရှန်း ? "

ကျန်းလျိုရှန်းက တောက်ပစွာ ပြုံးလိုက်လျှင် သူ့မျက်နှာက နှာတံမြင့်မြင့် ၊ မျက်ဆံအိမ်တို့က နစ်ဝင်လျက် ချွန်ကာအချိုးအစားကျ လှ​၏။ သို့သော် မျက်လုံးစွန်းလေးတွေမှာ အနည်းငယ် လန်တက်နေသည်က ပေါ့ပြက်ပြက်နိုင်သည့်တိုင် စိတ်ခံစားချက်တို့ နက်ရှိုင်းတတ်သည့်နှယ်။ နှစ်ချိူ့ဝိုင်တစ်ခွက်လို အတွင်းမှာ မဲနက်နေပေမယ့် လူကို တခဏချင်းပင် ရီဝေယစ်မူးလာစေသည်။

ထို့အပြင် ပြောသည့် စကားလုံးများကပင်လျှင် အတော်လေး " ရီဝေယစ်မူး " ရ​၏။

" ကျွန်တော် ယူကေမှာရှိတဲ့ Winster တက္ကသိုလ်မှာ သရုပ်ဆောင်ပညာသင်ဖို့ သွားခဲ့တယ်ဆိုတာ ဖန်တွေအားလုံးသိလောက်ပါတယ်။ ကြည့်ရတာ ဖန်းလောင်ရှစ်က ကျွန်တော့်ဖန်မဟုတ်ဘူးထင်တယ်​။ "

ဖန်းဝေ​၏ အပြုံးမှာ တောင့်တင်းသွားသည့်တိုင် သူမက ချက်ချင်း ဖုံးကွယ်လိုက်ပြီး စနောက်သည့်ဟန်ဖြင့် " ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ကျွန်မက ရှင့်ရဲ့ ရုပ်ရှင်တွေကြည့်ပြီး ကြီးလာတဲ့သူပါ "

" ဖန်းလောင်ရှစ်က ယဉ်ကျေးနေပါပြီ။ ချင့်ချိန်နိုင်တဲ့ မျက်လုံးရှိသူတိုင်း ခင်ဗျားက ကျွန်တော့်ထက် ကြီးမှန်း ပြောနိုင်ပါတယ်ဗျာ။ ဘယ်လိုလုပ် ခင်ဗျားက ကျွန်တော့်ကိုကြည့်ပြီး ကြီးလာရမှာလဲ ? " ကျန်းလျိုရှန်းက သိမ်မွေ့သည့်အပြုံးအားဆက်လက်ထိန်းထားဆဲ။

သီးသန့်အချစ် || ဘာသာပြန် ||『 Completed』Where stories live. Discover now