အခန်း - ၃၁

7K 1.1K 56
                                    

『Unicode』


သူအိမ်ပြန်ရောက်သောအခါ ရှရှီးအိုက်ဟာ နာရီိကို အထုပ်ပင်မဖြည်ဘဲ အံဆွဲအတွင်းပိုင်းအထိထည့်လိုက်သည်။

သူသာ ထုတ်ဝတ်လိုက်ပါလျှင် ကျန်းလျိုရှန်း သိသွားမှာသေချာသည်။ သူ သေချာပေါက် စ,လိမ့်မည်ဖြစ်ပြီး

ရှရှီးအိုက်အတွက်လည်း ရှင်းပြရန် အလွန်ကသိကအောက်ဖြစ်ရပေလိမ့်မည်။ ထို့အပြင် သူ ဖန်တွေကိုလဲ မြင်သွားခွင့်မပြုပေးနိုင် ၊ မဟုတ်ပါလျှင် CPဖန်တွေက ပေါက်ကွဲကုန်ပေမည်။

သို့နှင့် ၂၅၀,၀၀၀ဟာ သည်လိုမျိူး မြောင်းထဲ ရောက်သွားခဲ့ပါ​၏ ...... ဟင်း ! သူ သင်ခန်းစာယူရမယ် ; ရှေ့လျှောက်အတင်းကာရောတွေ စိတ်မမြန်တော့ဘူး။

ပြီးခဲ့တဲ့ရက်တွေတုန်းက ရွှီထုံ​၏ မိသားစုမှာ တစ်ခုခုဖြစ်ပျက်ခဲ့တာကြောင့် သူမ ယခု ပြန်သွားဖို့လိုအပ်သဖြင့် ဘယ်သူကမှ သူ့အတွက် စားစရာယူလာမပေး။ သူဟာ စူပါမားကတ်မှ ဟင်းသီးဟင်းရွက်နှင့်အမဲသားတချို့ကို ဝယ်ယူခဲ့ပြီး နှစ်ရက်စာ ဟင်းတစ်ခွက်ချက်ဖို့ပြင်ဆင်လိုက်​၏။သူ့ဘာသာ ချက်ပြုတ်ခဲ့ရတာ အချိန်အတော်ကြာခဲ့ပြီပင်။ ရွာမှာနေတုန်းက သူသူ့အဖိုးကို နေ့တိုင်း ဟင်းကူချက်ရသည်။ ဘာပဲဖြစ်ဖြစ် ကျေးလက်က ကလေးတွေဟာ စောစောစီးစီးပဲ ကြီးပြင်းကြရသည်ကိုး။ အရမ်းအရသာမရှိပေမယ့်လဲ အစားအစာတိုင်းက စိတ်ချမ်းသာခဲ့ရသည်။

ရှရှီးအိုက် အင်္ကျီလက်စကို မ,တင်၍ အမဲသားကို အတုံးလေးတွေလှီးလိုက်ပြီး သွေးဖယ်ရန် ရေအေးထဲပစ်ထည့်လိုက်သည်။ ရေစင်အောင်ဆေးပြီးနောက် ဂျင်းနှင့် ဟင်းချက်ဝိုင်ကို ထည့်၍ အလောတော်ကျက်ရုံလောက်အထိ ချက်ပြုတ်လိုက်သည်။ တစ်ချိန်တည်းမှာမှာ အာလူး၊ မုန်လာဥနီနှင့် ကြက်သွန်နီတို့ကို စဉ်းကောလှီး၍ အကုန်လုံးကို ဆီပူထိုးကြော်လိုက်​၏။ အကုန်ပြီးစီးလုနီးသော် သူက အမဲသားနှင့် ရယ်ဒီမိတ် ဟင်းတုံးလေးတွေကို ထည့်ကာ အိုးအဖုံးအုပ်လိုက်ပြီးအရည်ထူလာသည်အထိ နှပ်ထားလိုက်သည်။ မကြာမှီမှပင် မွှေးကြိုင်လွန်းလှသည့် အာလူးအမဲဟင်းတစ်အိုး ရပါပြီ။

သီးသန့်အချစ် || ဘာသာပြန် ||『 Completed』Where stories live. Discover now