ကြိမ်ဖန်များစွာ ဗလက္ကာရအလုပ်ခံရပြီးနောက် ရှရှီးအိုက်အတွက် " တခြားအရာ " ဆိုတာကို ဘာမှန်းမသိဖို့ မဖြစ်နိုင်တော့ပေ။ သို့တိုင် သူ ဒီအကြောင်းပြောလာပေမယ့် နှုတ်ခမ်းလေးတွေစေ့ပြီး ပြောနေကျလို လူရမ်းကားဟု မခေါ်လာခဲ့။
" ခင်ဗျား... တက်ခဲ့တော့။ အကြာကြီး စိမ်ရင် ခေါင်းမူးလာလိမ့်မယ် "
ကျန်းလျိုရှန်းဟာ နာရီဝက်နီးပါး စိမ်ထားပြီး အမှန်တကယ်လဲ နည်းနည်း မူးလာပြီဖြစ်၏။သူ့လက်မောင်းနှစ်ဖက်ကိုဆန့်တန်းကာ ရေကန်ထဲမှ ရွှဲရွှဲစိုလျက်နှင့် ထရပ်လိုက်ပြီး သူ၏ ကိုယ်လုံးတီး ခန္ဓာကိုယ်ကို ရက်ရက်ရောရော ဖော်ပြလိုက်လေသည်။ ဘာပဲဖြစ်ဖြစ် ရေပူစမ်းထဲ၌ ကင်မရာတွေ မရှိသလို အခန်းထဲရှိ ကင်မရာတွေအားလုံးကိုလဲ သူ ပိတ်ထားပြီးသားဖြစ်သည်။
သူဟာ ရေကန်ဘေးမှ တဘက်နှင့်တစ်ချက်နှစ်ချက် သုတ်ပစ်လိုက်သည်။ သူမော့အကြည့် ၊ သူ့ကလေးလေးက သူ့ကိူမျက်နှာလွှဲထားသည်အား တွေ့လိုက်ရသဖြင့် မရယ်ပဲ မနေနိုင်တော့ : " ဘာလို့လှည့်ထားတာလဲ ? မင်း မမြင်ဖူးတာလဲမဟုတ်ပဲနဲ့ "
ရှရှီးအိုက်က ဖြည်းဖြည်းချင်းပြန်လှည့်လာခဲ့ပြီး သူ့မျက်လုံးတွေ ကျန်းလျိုရှန်းထံသို့ရောက်သည်နှင့် ကြောင်သွားရလေသည် : " ခင်ဗျား....ဘာလို့...."
" ရေက အရမ်းပူတယ် " ကျန်းလျိုရှန်းက ထိုနေရာကို အုပ်ရန် ခါးတွင် တဘက်တစ်ထည်နှင့် စည်းလိုက်ပြီး : " ပြီးတော့ဘေဘီကလဲ အရမ်းလှနေတယ်လေ "
သူက ဘေးနားရှိ ကျောခင်းကုလားထိုင်ပေါ်မှာ ထိုင်ချလျက် အနည်းငယ် အားမရှိ၊နွမ်းလျဟန်ဖြင့် လေးတွဲ့စွာဆိုလာသည်: " မြန်မြန်ပြန်သွားတော့။ ပြီးမှ မင်းရဲ့video chat လိုက်မယ် "
" ခင်ဗျား အခန်းထဲမပြန်ဘူးလား ? "
" ကိုယ့်မှာလုပ်စရာရှိသေးတယ်လေ " ကျန်းလျိုရှန်းက ရေချိုးတဘက်မှ ထောက်နေသော အစိတ်အပိုင်းကို တစ်ချက်ကြည့်လိုက်ပြီး : " ကိုယ်ဒီလိုကြီးနဲ့တော့ အိပ်မသွားနိုင်ဘူးမလား ? "
ရှရှီးအိုက် နှုတ်ခမ်း ကိုက်လိုက်ပြီး ကွေးနေသော လက်ချောင်းလေးတွေက လက်သီးဆုပ်ဖြစ်ကာ စိတ်ပိုင်းဖြတ်လိုက်သည့်နှယ် ဆို၏ : " ဒါဆို ကျွန်တော်——"
BẠN ĐANG ĐỌC
သီးသန့်အချစ် || ဘာသာပြန် ||『 Completed』
Lãng mạn" ကိုယ့်မိသားစုက ကိုယ့်ကို အဲ့လိုအကြိမ်ပေါင်းများစွာ ပြောခဲ့ပေမယ့် ကိုယ်က အပြစ်ရှိစိတ်နဲ့နောင်တတွေကို ခံစားရတုန်းပဲ။ အဲ့ဒါက--- မင်းနဲ့ မတွေ့ခင်အထိ "
အချပ်ပို ၁ : အခန်း ၅
Bắt đầu từ đầu