အခန်း - ၁၇

Start from the beginning
                                    

ပထမပိုင်းထုတ်လွှင့်သည့်အကြောင်းအရာမှာ အဓိကအားဖြင့် သူတို့​၏ ထွက်ခွာရန်အကြိုပြင်ဆင်ကြသည်များနှင့်အင်တာဗျူးတချို့အပြင် အေသင်မြို့ပေါ်က သူတို့ ပထမဆုံးမနက်ခင်း တစ်စွန်းတစ်စမျှဖြစ်လေသည်။ ထုံးစံအတိုင်းကျန်းလျိုရှန်းနှင့် ရှရှီးအိုက်က ရသစုံရှိုးမှာ နာမည်ကြီး စူပါကြယ်ပွင့်တွေအဖြစ် ပထမဆုံးပါဝင်လာတာဖြစ်လို့ အာရုံစိုက်ခံရတာအမြင့်ဆုံးသည်ပင်​။ တစ်ယောက်က နယ်ပယ်တခွင်မှာ အထင်ပေါ်အကျော်ကြားဆုံး အင်အားကြီး ရုပ်ရှင်ဧကရာဇ်ဖြစ်ပြီး ၊ ကျန်တစ်ယောက်က လတ်တလောနှစ်များအတွင်း ထူးချွန်သည့် သီဆိုစွမ်းရည်များဖြင့် လူကြိုက်အများဆုံးအဆိုတော်။ အတူတကွဆိုလျှင် သူတို့နှစ်ယောက်သည် အသက်ရှစ်နှစ်မှ ရှစ်ဆယ်လောက်အထိ ပရိသတ်ထုကြီးကိုလက်ဝါးကြီးအုပ်ထားနိုင်သောကြောင့် ဤရှိုးမှ မပေါက်ကွဲပါကအဓိပ္ပာယ်ရှိတော့မည်မဟုတ်။

အရာအားလုံးက ပရိုဂရမ်အဖွဲ့နှင့် ဧည့်သည်တွေ​၏ မျှော်မှန်းထားသည့်ဘောင်အတွင်းမှာ ဖြစ်ခဲ့သည့်တိုင် မျှော်လင့်မထားသော အရာများလည်း ရှိခဲ့သည်။

" လခွမ်းထဲမှ၊ ရူးပြီပဲ " ရွှီထုံက သူ့ဖုန်းကို စိုက်ကြည့်ရင်း " မောင်လေး၊ နင်တို့နှစ်ယောက်ရဲ့ Topicက တစ်သောင်းကျော်သွားပြီ "

ရှရှီးအိုက်က ခေါင်းကိုက်နေသည်အား ကိုင်ထားရင်း " ကျွန်တော်မသိချင်ပါဘူး။ တကယ်လဲ နားမလည်ဘူး...... "

ပထမဆုံးအပိုင်းတွင် သူနှင့် ကျန်းလျိုရှန်းဟာ မြင်ကွင်းတစ်ခုတည်းအဖြစ် နှစ်ကြိမ်သာပါဝင်ခဲ့သည် ; တစ်ခုက မနက်ခင်း ၊ သူနိူးလာသောအချိန်ကဖြစ်ပြီး ၊ ကျန်တစ်ခုက ကင်မရာနှင့် တစ်စက္ကန့်ခွဲလောက်မျှသာ ရိုက်လိုက်မိသည့် သူတို့လေယာဉ်ပေါ်မှာ အတူတူထိုင်နေကြသည့် အချိန်ကပင်။သို့သော် ပရိုဂရမ်အဖွဲ့က ကိစ္စတွေကိုခလောက်ဆန်ပေးချင်တာကြောင့် နောက်အပိုင်းအတွက် Previewအဖြစ် သူက စကတ်ဝတ်ထားသည့်အခိုက် ကျန်းလျိုရှန်းက သူ့ကိုဝိုင်းပတ်၍ သူ့ဂျာကင်နှင့် ချည်ပေးနေသည့် ပုံရိပ်အား ထည့်သွင်းလိုက်ကြလေသည်။

သီးသန့်အချစ် || ဘာသာပြန် ||『 Completed』Where stories live. Discover now