"ဟုတ် ကတိပေးတယ်။ နေ စာကိုဘဲကြိုးစားတော့မှာမို့ စကားမပြောဘဲ‌နဲ့တော့ မနေပါနဲ့နော် ။ "

မျက်လုံးလေးတွေပုပ်ကလပ်ပုပ်ကလပ်လုပ်ရင်း ကပ်ချွဲလာသည့် ကလေးလေးကြောင့် ယိမ်း ခေါင်းလေးအားခပ်ဖွဖွပွတ်သပ်လိုက်မိသည်။‌

"အရမ်းချစ်တယ်နော်။ "

"အင်း တို့လည်း သိပ်ချစ်တယ် ။ ကလေး စာမေးပွဲပြီးရင် ဟန်နီးမွန်းထွက်ကြမယ်နော် ။"

"ဟုတ် ။ နေ ဘွဲ့ရပြီးရင်လေ အလုပ်တွေကြိုးစားမှာ သိလား ။အဲ့အခါကျရင် အစ်မကို ဘာမှမလုပ်ခိုင်းတော့ဘူး ၊အိမ်မှာဘဲ အေးအေးဆေးဆေးနေပါနော် ၊ "

"မရပါဘူး ။ တို့တစ်သက်လုံးအလုပ်နဲ့ဘဲကြီးပျင်းလာတာ၊ အလုပ်မလုပ်ဘဲမနေနိုင်ပေါင် ။"

ယိမ်း မျက်ခုံးပင့်ရင်း ပြန်ပြောလိုက်တော့ ရင်ခွင်ထဲက ကလေးလေးဟာနှုတ်ခမ်းလေးတွေထော်‌လာလေပြီ ။

"နေ ကအိမ်ထောင်ဦးစီးမို့ နေ ဘဲရှာကျွေးမှာ ၊အစ်မ ဘာမှမလုပ်ရဘူး ၊နေ့ မိန်းမကို နေ ဘဲရှာကျွေးမှာ ။"

ဆက်ပြောရင်လည်း စကားဘဲထပ်များနေရဦးမှာမို့ ယိမ်း ဘာမှမပြောတော့ဘဲ သူ့စိတ်တိုင်းကျသာ ငြိမ်နေလိုက်တော့သည် ။ဒီကလေးလေးဟာလေ လူက လက်တောက်လောက်နဲ့ အရမ်းတွေဦးစီးချင်နေတာ ။

--------------------
"ဒယ်ဒီ တကယ်ပြော‌နေတာလား ။ လွှာနဲ့တကယ် သဘောတူပြီပေါ့နော် ။"

ဧည့်ခန်းထဲတွင် နေနေတို့မိသားစုလူစုံနေကြ၏ အကြောင်းမှာ ပန်းဆုနေသော်၏ အချစ်ရေးအကြောင်း သာ။

ပန်း ဝမ်းသာအားရနှင့် ဒယ်ဒီ့အားမေးရင်း မိန့်မိန့်ကြီးထိုင်ကာ နင်သေမယ် ဆိုတဲ့အကြည့်နဲ့ညီမဖြစ်သူ၏ဘေးတွင်ထိုင်နေသည့်ယောင်းမဖြစ်သူအားကြည့်ရင်း တံတွေးမြိုချမိလိုက်သည်။

"အစကတည်းက သမီးလွှာကို ဒယ်ဒီသဘောကျပါတယ် ၊ဒါပေမယ့် သူ့ဘက်က အခက်အခဲဖြစ်နေတဲ့အချိန်ဆိုတော့ အကြံတစ်ခုရသွားတယ်လေ ၊ဒယ်ဒီ့သမီးကိုတကယ်ချစ်သလား ၊မချစ်သလား ရှင်းရှင်းလင်းလင်းသိ‌ချင်တယ် ၊ "

"သမီး လွှာကထင်ထားတာထက် မာနကြီးပြီး စိတ်ဓာတ်သန်မာတဲ့သူတစ်ယောက်ပါ၊ ပြီးတော့ ဒယ်ဒီ့သမီးလေးကိုလည်း တကယ်ချစ်ရှာတယ် ၊ ဒီလို မိန်းကလေးမျိုးကိုမှ ချွေးမအဖြစ်လက်မခံနိုင်ရင် နေသော်ထွန်းတို့ဘယ်တရားပါ့မလဲကွ ဟင်းဟင်း ။"

အချစ်၏ဟန်ပန်-𝑻𝒉𝒆 𝑺𝒕𝒚𝒍𝒆 𝑶𝒇 𝑳𝒐𝒗𝒆(Complete)Tempat cerita menjadi hidup. Temukan sekarang