"ဟင့် နှမြောလိုက်တာကွာ။
မမပန်းက တကယ်ကြီးရည်းစားရသွားတာလား။ "

ပန်းအပါအဝင်ကလေးတွေကသာ မနားတမ်းပြောနေကြပေမယ့်လို့ ယိမ်းနှင့်ဝင့်လွှာကတော့ ဘာတစ်ခွန်းမှဝင်မပြောဘဲငြိမ်ချက်သားကောင်းနေကြ၏ ဝင့်လွှာက မာလာရှမ်းကောကိုသာ အာရုံစိုက်နေဟန်နှင့် ခေါင်းကိုငုံ့ထားကာ တို့စိတို့စိနှင့်စားနေလေသည်။ ယိမ်းတစ်ယောက်ကတော့ သူ့သူငယ်ချင်းနှစ်ယောက်အား တစ်လှည့်စီကြည့်ကာ အကဲခတ်နေဟန်ရပြီး သူတို့ပြောနေသည့်စကားတွေကိုလည်းအသေချာနားစွင့်နေလေသည်။

"ညီမလေးသက်ငုံဖူးလေးက မမရည်းစားကိုဘယ်လိုသိသွားရတာတုန်း ။ ဒီလောက်အသေအချာဖွက်ထားတာကို ။"

"ဟဲဟဲ ဟိုတစ်လောက ကဖေးဆိုင်မှာဒိတ်နေတာကို သမီးမြင်လိုက်တယ်လေ ။"

"ဟမ် !
__________________________
လက်ထပ်ပွဲနေ့။...

ယနေ့ဟာ နေနေနှင့်ယိမ်းတို့၏မဂ်လာပွဲနေ့လေပင်ဖြစ်လေသည်။ အစောကြီး ထ၍အလှပြင်နေရသည်ကြောင့် နေ့ မှာစိတ်လှုပ်ရှားမှုအပြည့်နှင့်ရင်တုန်ပန်းတုံဖြစ်နေရသည်။တစ်ချိန်တည်းမှာပင် နေ့လိုဘဲအလှပြင်နေမှာဖြစ်သည့် အစ်မကိုမြင်ယောင်မိတော့ ပြုံးစိစိဖြစ်နေရသည်။

"ညီမလေး ပြင်ပြီးပြီလား ၊ အောက်မှာလူတွေတောင်စုံနေပြီ။"

အခန်းထဲသို့ မမဝင်လာတော့ နေ အကုန်ပြင်ပြီးသလောက်ဖြစ်နေသည်။ တစ်ခုတည်းသောကျန်တာက ကျောလယ်လောက်ရှိသည့်ဆံပင်တွေရယ်သာ ၊ ထုံးရမလားမသိ ၊ ဒီအတိုင်းရိုးရိုးလေးဘဲ ချထားရမလားမသိဖြစ်နေ‌လေသည်မို့

"မမ ငါ့ဆံပင်ကဘယ်လိုပြင်ရမှာတုန်း ။"

"အဟင်း ထုံးလိုက်ရင်လူကြီးနဲ့တူသွားလိမ့်မယ်၊ ရိုးရိုးလေးသာချထားလိုက် ။"

နောက်ဆုံးမှာတော့ မမ၏အကြံပေးချက်အတိုင်း မိတ်ကပ်လိမ်းပေးတဲ့ အစ်မနှစ်ယောက်က ဆံပင်တွေကို လိတ်ခွေပေးကာ ရိုးရိုးလေးချထားပေး၏ နေ မှန်ထဲကိုကြည့်ကာ ကိုယ့်ကိုယ်ကို ကြည့်နေမိသည်။ တစ်ခါမှ ဒီလိုမလိမ်းမခြယ် မပြင်မဆင်ဖူးတာကြောင့် အခုလိုပုံစံလေးဟာ နေနှင့်တစ်မျိုးလေးဆန်းနေသည်။ အရင်ကထက် အများကြီးပို၍မိန်းမဆန်နေသည်ကိုး။

အချစ်၏ဟန်ပန်-𝑻𝒉𝒆 𝑺𝒕𝒚𝒍𝒆 𝑶𝒇 𝑳𝒐𝒗𝒆(Complete)Where stories live. Discover now