"ဟင် ဒါနဲ့များ ပန်းရယ် ဘာလို့ဒီမှာအချိန်လာဖြုန်‌းနေတာတုန်း ညီမလေးနားမှာရှိနေပေးရမှာကိုကွာ ။ "

"အချိန်လာဖြုန်းနေတာမဟုတ်ပါဘူးနော်
။အချစ်နဲ့ထိတွေ့နေတာပါ။ ဒါနဲ့နေပါအုံး ၊အဲ့တာကအရေးမကြီးသေးဘူး သိလား ။

"ဟင် ဘာကအရေးကြီးတာလဲဟင်"

"ဟင့် ယိမ်းနွဲ့ဟန်ပန်လေ ။ သူသာအိမ်ကမပြန်သေးရင် တို့တော့အသေပွားခံရတော့မှာဘဲ ။သူ့ကလေးနားမှာ ရှိမနေပေးလို့ဆိုပြီး ဘယ်လောက်တောင်စိတ်ဆိုးနေလိုက်မလဲ ။"

လွှာသူမ ချစ်သူကောင်မလေး၏ပုံစံကိုကြည့်ကာ မရယ်ဘဲမနေနိုင်တော့ပေ။ သူ့ခမျာ အိမ်ကမိဘတွေထက် ယောင်းမဖြစ်သူကို ပိုကြောက်နေရသည့်အဖြစ်မလား။

"လွှာနော်။ ဘာလို့ရယ်တာတုန်း ပြော။"

"ချစ်လို့ ။လွှာ့ရဲ့ချစ်သူလေးက အရမ်းချစ်ဖို့ကောင်းနေလို့ ။"

စိတ်ကောက်တော့မည်ကို သိနေသဖြင့် လွှာချစ်စရာပုံစံလေးလုပ်ကာ ပြောလိုက်မိတော့ ပန်းဆုနေသော်၏ရုပ်ကြီးဟာ ဖြီးလာပါတော့သည်။
ထို့နောက် မပြန်ခင်လေးဟုဆိုရင်း နှုတ်ဆက်အနမ်းတွေတစ်သီကြီးပေးသွားပုံများ လွှာ့၏ပါးပြင်နုနုနှစ်ဖက်ဟာ ငရမ်းချဉ်သီးနှင့်နင်လားငါလားဖြစ်နေရ၏

---------------------

ပန်း အိမ်သို့ရောက်တာနှင့် ကုတ်ကုတ်ကလေးဝင်လာခဲ့သည်။ ခြံထဲတွင်ယိမ်း၏ကားအပြင် နောက်ကားတစ်စီးပါရပ်ထားသည်မို့ ဧည့်သည်တွေရောက်နေသည်ဟုထင်မိလိုက်၏

"မမပန်း ဘယ်ကပြန်လာတုန်း ။"

တိမ်လွှာလေး၏ နှုတ်ဆက်စကားအား ပြန်ဖြေဖို့ ပြင်လိုက်စဉ်မှာဘဲ မျက်လုံးထောင့်က မိန့်မိန့်ကြီးထိုင်ကာ ပန်းအားစူးစိုက်ကြည့်နေသည့် ယိမ်းကြောင့် တံတွေးမြိုချလိုက်မိသည်။

" တိမ်လွှာလေးတို့ ရောက်နေတာကြာပြီလား။ နေသော့်ကိုလာမေးကြတာထင်တယ်။"

မေးနေတာကတစ်ခြား ပြန်ဖြေလိုက်တာကတစ်ခြားဖြစ်နေသည်လည်းမတတ်နိုင် ။ ကိုယ့်လွတ်လမ်းကိုသာ ရွေးရမည်လေ။

အချစ်၏ဟန်ပန်-𝑻𝒉𝒆 𝑺𝒕𝒚𝒍𝒆 𝑶𝒇 𝑳𝒐𝒗𝒆(Complete)Tempat cerita menjadi hidup. Temukan sekarang