ဒေါ်အေမီမီ၏စကားဆုံးသည်နှင့်ဝုန်းကနဲထရပ်လိုက်သည့်သူ၏သားဖြစ်သူကြောင့် လန့်သွားရသည်။
"မရဘူး။ တစ်နှစ်မပြောနဲ့ တစ်စက္ကန့်လေးတောင်မပေးနိုင်ဘူး။ "
ထို့နောက် ဝင့်လွှာအားကြည့်၍
"ကျုပ် မင်းကိုတစ်ကယ်ချစ်တာ ၊ ဖြစ်နိုင်ရင်မနက်ဖြန်ဘဲလက်ထပ်ချင်တယ် ။"
"ကျွန်မ အကြွေးတွေကိုတစ်ပြားမကျန်ပြန်ဆပ်မှာမို့ လက်ထပ်စရာဘာအကြောင်းမှမရှိပါဘူး။
"မဆပ်နဲ့။ လုံးဝမဆပ်ရဘူး
အဲ့ဒီစောက်ဆံတွေကို မလိုချင်ဘူး၊ အဲ့ဒါတွေကကျုပ်အတွက်အရေးမပါဘူး ၊ ကျုပ် မင်းကိုဘဲလက်ထပ်ချင်တာ။"အနားသို့တိုးကပ်လာကာ မျက်လုံးတွေဂနာမငြိမ်ဘဲလိုရာပြောနေသည့် နေဝေသော် ဟာစိတ်ဇတ္တဆေးရုံကိုပင် ပို့သင့်နေပြီဟုတွေးမိလိုက်သည်။
"ဒီမှာ မောင်ရင် ။ အန်တီ့သမီးကို မင်းလိုဆေးစွဲနေတဲ့သူနဲ့ လုံးဝသဘောမတူနိုင်ဘူးကွဲ့။
"ဘာ"
ဒုန်းးး !!!ခလွမ်း။မာမီ့၏စကားကြောင့် နေဝေသော်ဟာ အရှုးတစ်ယောက်ပမာ စားပွဲပေါ်တင်ထားသည့်ပန်းအိုးအား ရိုက်ခွဲပစ်လိုက်လေသည်။ ဒေါသအရှိန်ကြောင့်ဘဲ လားမသိ ၊ ဆေးအရှိန်တွေကြွလာဟန်ဖြင့် အသားတွေဟာတစ်ဆတ်ဆတ်တုန်နေပြီး မနက်ခင်းပိုင်းအချိန်တောင်မှချွေးတွေဟာစို့နစ်နေလေပြီ။
ပါးပြင်ကိုလာစင်သည့်ဖန်ကွဲစကြောင့် တစ်ချက်တွန့်မိလိုက်ပေမယ့် မျက်နှာကိုတည်ထားဆဲ။ အရှုးတစ်ယောက်လိုဟိုကြည့်ဒီကြည့်ဖြင့်စူးစူးဝါးဝါးအော်နေသူကြောင့် ဖခင်ဖြစ်သူ ထိန်းသော်လည်းမနိုင်ပေ။
"အကြွေးပြန်မဆပ်နဲ့ ။ မင်း ကျုပ်ကိုဘဲလက်ထပ်ရမယ်!!!
ကားပေါ်သို့ အတင်းပို့နေတာတောင် သူမဘက်သို့လှည့်ကာ ပြောဖြစ်အောင်ပြောသည့်စကား။ လက်ညိုးငေါက်ငေါက်ထိုး၍ အမိန့်ဆန်သည့် စကားကိုကြားတော့ မဲ့ပြစ်လိုက်မိသည်။ မေဝင့်လွှာညီကိုဘယ်လိုမိန်းမများထင်နေသလဲ။ ဒီအိမ်ကိုမပေးနိုင်သလို ရှင့်ကိုလည်းလက်မထပ်နိုင်ဘူး မို့စိတ်မကောင်းပါဘူး နေဝေသော်။
YOU ARE READING
အချစ်၏ဟန်ပန်-𝑻𝒉𝒆 𝑺𝒕𝒚𝒍𝒆 𝑶𝒇 𝑳𝒐𝒗𝒆(Complete)
Poetry"ပရော်ပရည်စကားတွေပြောမယ်ဆို တို့လက်ခံစကားမပြောဘူးနော်" "အစ်မကလည်း ကိုယ့်ရဲ့ဇနီးလောင်းကိုတောင်ပြောလို့မရဘူးလား"? "အိုး တော်ပြီ မင်းပြန်လိုက်တော့"!!