"အဲ့လို မဟုတ်ဘူးလေလို့။ ဒီနှုတ်ခမ်းလေးနဲ့ဥုံဖွလုပ်ပေးလေလို့ ဒါမှဟက်ချလောင်းဆိုပြီးပျောက်သွားမှာ"

ယိမ်း၏အနားဆီသို့တိုးကပ်လာရင်း နီဆွေးဆွေးနှုတ်ခမ်းပါးကို လက်ဖြင့်တို့ထိရင်းအကြည့်စူးစူးဖြင့်ပြောလာသူကြောင့် အသက်ရှုပင်ကြပ်လာရ၏

"ကဲ ၊ ဘာလို့အနားထိတိုးလာတာတုန်း ။ ဖယ်တော့ ၊ ရှင်မဆင်းရင်လည်း နေခဲ့ ကျွန်မဆင်းမယ်။"

သူ့ကိုယ်လေးအား လက်နှစ်ဖက်ဖြင့်တိုးဖယ်မိသော်လည်း ပိုလို့ပင်ကပ်လာလေသည်။မနီးမဝေးက ကလေးတွေစာသင်နေသည့်အသံတွေကြားနေရတာကိုပင် ဒင်းလေးကမရေးမလုပ်ပေ။

"အွန့် ပြွတ် "

ခနလေးအငိုက်မိသွားစဉ်ပင် ရလိုက်သောအနမ်းတစ်ပွင့်။ ယိမ်း ဘက်ကခေါင်းလွဲလိုက်မိတာကြောင့် ပြွတ်ကနဲမြည်သွားလေသည်။ ဘာလို့ဆို ဒင်းလေးကယိမ်း၏နှုတ်ခမ်းလေးအားငုံထွေးထားသည်ကိုး။ဒီတစ်ခါနဲ့ဆိုနှစ်ကြိမ်မြောက်ဖြစ်သော်လည်း ယိမ်းမှာ နေသားမကျသေးဘဲ ပို၍ပင်ရှက်ရ၏

နမ်းပြီးခါမှ လူယုတ်မာအပြုံးဖြင့် အရင်ကားပေါ်မှဆင်းသွားလေသည်။ ယိမ်းမှာသာ မျက်နှာတစ်ခုလုံးနီရဲကာ ရှက်လွန်း၍ကားထဲတွင်ဆက်ထိုင်နေခဲ့ရမလိုလို နှင့်ကျန်ခဲ့ရလေ၏။

------------------
"ဟေ့ကောင် ဟိုမှာလာနေတာကြည့်စမ်း ။အားပါးပါး လှချက်ကတော့ကွာ မိုနာလီဆာတောင်ထိုင်ငိုရလောက်တယ်။"

သူငယ်ချင်းဖြစ်သူ၏ အပြောကြောင့် ဘုန်းတစ်ယောက်စာငုံ့ရေးနေရင်းမှ လှမ်းကြည့်မိလိုက်သည်။

"ဟာ မမပါလား။ မမနေသော်နဲ့ပါလာတာထင်တယ်။"

မမကတော့လေ အမြဲတမ်းကိုအိန္ဒြေရှိပြီးလှနေတော့တာဘဲ ။ဘုန်းတစ်ယောက် သူ့မမအားကြည့်အား ဂုဏ်ယူမဆုံးဖြစ်နေလေသည်။

ထိုအခါ ဘေးကကောင်ကမျက်နှာကြီးရှုံ့မဲ့သွားကာ

"အဲ့ဒါမင်းမမလား။ ဒါဆို ပိုင်ရှင်ကြီးနဲ့ပေါ့နော်။

ပြောနေရင်းပင် အနောက်ကမုန့်တွေတစ်ပွေ့တစ်ပိုက်နှင့်တန်းလိုက်လာသည့် မမ နေသော်ကိုမြင်တော့

အချစ်၏ဟန်ပန်-𝑻𝒉𝒆 𝑺𝒕𝒚𝒍𝒆 𝑶𝒇 𝑳𝒐𝒗𝒆(Complete)Where stories live. Discover now