ဘေးကဖြတ်သွားသည့် အကိုတွေအစ်မတွေဆီမှ" ဟယ် ချစ်စရာလေး" ဟူသောစကားကိုအတွင်တွင်ကြားလိုက်ရသည်မို့ တစ်ယောက်တည်းသဘောတွေကျနေတော့သည်။

အပေါ်သို့ရောက်ရောက်ချင်းပင် အခန်းထဲသို့ဝင်လိုက်တော့ စာထိုင်ရေးနေသည့် သုံးယောက်ကိုတွေ့လိုက်ရသည်။ ကျောက်သင်‌ပုန်းပေါ်ကိုမော့ကြည့်လိုက် စာငုံ့ရေးလိုက်ဖြစ်နေကြသော ထိုသုံးယောက်မှာ ‌ကလေးနှစ်ယောက်ကို မြင်ဟန်မရသေးပေ။

ထိုမြင်ကွင်းအားမြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် နှုတ်ခမ်းတွေဟာစူ‌ထော်လာလေပြီ။ ဘုန်းထက်၏ လက်အားဖြုတ်ချကာ မချောသုံးယောက်ထံသို့သွားကာ

"မမ !!

အသံစူးစူးဖြင့်အော်ခေါ်လိုက်တာကြောင့် အခန်းဝမှာရပ်နေသည့်ဘုန်းထက်လေးအပါအဝင် စာကိုသာမဲနေသည့်သုံးယောက်ကလည်း လန့်ကာဆတ်ကနဲတုန်တက်သွားကြလေသည်။

"လန့်လိုက်တာ နေသော်ရယ်။ ဘာလို့ပိတ်အော်ခေါ်နေတာတုန်း။ရောက်လာရင်လည်းအသာငြိမ်နေတာမဟုတ်ဘူး။ ခနလေး မမဒါလေးကူးပြီးရင် ပြန်ကြမယ်နော်။ "

နေ့ အားတစ်ချက်ပင်မကြည့်ဘဲ ပြောလာသည့် မမကြောင့်နှုတ်ခမ်းကပိုလို့ပင်စူ‌လာလေပြီ။ အရေးလုပ်စေချင်သည့် အလယ်က မမချောအားကြည့်လိုက်တော့လည်း နေ့ အားမမြင်ယုံတင်မက နေ့ အသံတောင်ကြားမည်မထင်။

"ပန်းနှင့်ဝင့်လွှာ ဒီနေ့ကကျူရှင်ရှိတာဆိုတော့ တို့ရေမချိုးခဲ့တော့ဘူး။ အဝတ်အစားဘဲလဲခဲ့လိုက်တော့မယ် တော်နေ နောက်ကျနေမယ်ဆိုးလို့။"

"အင်း အဲ့လိုဘဲလုပ်ရတော့မယ်ထင်တယ်။ ဒီနေ့ ကျူရှင်ကစောခေါ်တာဆိုတော့လေ ။ အဝတ်အစားဘဲလဲခဲ့လိုက်ရအောင်လား။"

"အေးအေး။ အဲ့လိုဘဲလုပ်ကြတာပေါ့။"

ချက်ချင်းဝိုင်းတက်လာသော မျက်ရည်တွေ။ နေ့ အားအရေးပင်မလုပ်ကြသည့်ကြောင့် စိတ်ဆိုးတာနှင့်ဝမ်းနည်းတာနှစ်ခုပေါင်းကာ ခုန်ပေါက်၍အော်ငိုပါတော့သည်။

"ဟင့် အီးးးး ဟင့် ဟင့်းးး။"

ထိုအခါ ကုပ်ကုပ်ကလေးရပ်နေသည့် ဘုန်းထက်ကလည်းပြေးလာလေသည်။

အချစ်၏ဟန်ပန်-𝑻𝒉𝒆 𝑺𝒕𝒚𝒍𝒆 𝑶𝒇 𝑳𝒐𝒗𝒆(Complete)Tempat cerita menjadi hidup. Temukan sekarang