Chapter 226- Boom Boom Boom 4

Start from the beginning
                                    

တိချိုးဟယ်က ပါးစပ်အဟောင်းသားနှင့် လက်ထဲမှ စာချုပ်ပါ လွတ်ကျသွား၏။

" ပြောပြီးတာ ပြောပြီးတာပဲနော်.. ပြန်ပြင်လို့မရဘူး"
မျက်လုံးလေးဝိုင်းစက်ကာ ဟောပိုင်ကို ပြေးဖက်သည်။
" တကယ်လား.. တကယ်နော်.. လူတွေကို ပြောမယ်ဆိုတာကို မကန့်ကွက်တော့ဘူးပေါ့.. အဲ့ဒါဆို ကိုယ်တို့ ဘယ်တော့လက်ထပ်ကြမှာလဲ.. အခု လက်ထပ်လိုက်ရင် ကောင်းမလား... မင်းလက်လေးကို လူကြားထဲမှာ ရဲရဲဝံ့ဝံ့ကိုင်ဖို့ မစောင့်နိုင်တော့ဘူး "

ဟောပိုင်က တိချိုးဟယ်ပါးစပ်ကို အတင်းပိတ်ကာ ရှင်းရှောင်ဖုန်းကို ရှက်ရှက်နှင့်ပြုံးပြလိုက်သည်။

" ခင်ဗျားရော ဘယ်လိုသဘောရလဲ.. ပိုကောင်းတဲ့အကြံလေးများ ရှိမလား.. နောက်ကို ထပ် ရွှေ့လိုက်ရမလား.. ဆုပေးပွဲတွေမတိုင်ခင်တော့ လူတွေမသိစေချင်ဘူး.. ချိုးဟယ်ကိုရော Cheng's Army ကိုပါ ထိခိုက်မှာစိုးရတယ်"

တိချိုးဟယ်က ငြင်းနေသည်။
" မလုပ်ပါနဲ့.. နောက်ကိုတော့ ထပ်မဆုတ်ပါနဲ့တော့ နော်"

" ခင်ဗျားငြိမ်ငြိမ်လေးနေပါ"
ဟောပိုင်က ရှင်းရှောင်ဖုန်းကိုတောင် အကြည့်ချင်းမဆုံနိုင်လောက်အောင် ရှက်နေရှာသည်။ ရှင်းရှောင်ဖုန်းကတော့ ချောင်းနှစ်ချက်ဆိုးကာ ခေါင်းငုံ့၍ ရယ်ချင်စိတ်ကို မြိုသိပ်ပြီး အခန်းထဲမှ ထွက်သွား၏။

......

တိဘီရန်က ရှေ့နေဝမ်ကို တအံ့တသြမေးလိုက်သည်။
" ချင်းလီက လက်ထပ်လိုက်ပြီ ဟုတ်လား.. ဘယ်သူနဲ့လဲ.. တစ်ခုခု လွဲနေတာနဲ့တူတယ်.. သူက ငါ့ကိုရော Huangdu ကိုပါ ကူပေးနေတာလေ.. သူ တခြားတစ်ယောက်နဲ့ လက်ထပ်တယ်ဆိုတာ ဖြစ်နိုင်ပါ့မလား"

" သူဌေးတိ.. စိတ်မကောင်းပေမဲ့ သတင်းအမှန်ပါပဲ.."
ရှေ့နေဝမ်က သက်ပြင်းချသည်။
" ကျွန်တော်လဲ အမှတ်မထင်ပဲ သိခဲ့ရတာပါ.. တကယ်လက်ထပ်ထားတာ.. ယောကျ်ားနာမည်က ချိန်ဖေကျုံးတဲ့"

ထိုစကားကြောင့် တိဘီရန်၏ မျက်နှာ မာတင်းသွား၏။
" ဘယ်သူ??? အဲ့နာမည်ကို ပြန်ပြောပါဦး"

" ချိန်ဖေကျုံး"
ရှေ့နေဝမ်က တိဘီရန်ကြောင့် ခြေတစ်လှမ်းနောက်ဆုတ်ကာ ဆက်ပြောလိုက်သည်။
" ပြီးတော့ ကျွန်တော်တို့ရဲ့ ရှယ်ယာရှင်အသစ်တွေထဲမှာလဲ ချိန်ဖေကျုံးဆိုတာ ရှိတယ်.. ဘယ်လိုများ..."

OUR ( One Useless Rebirth) 2Where stories live. Discover now