အခုဆိုရင်ဖြင့် နေ့ ကြက်ဘုကြော်တွေအားလုစားမည့် မမ မရှိတော့သည်မို့တစ်ယောက်တည်းသာစိတ်ကြိုက်အဝဆွဲနေလိုက်သည်။
"ဒွီးးး ဒွီးးးး"
ပလုတ်ပလောင်းဖြင့် အားရပါးရစားနေစဉ်ပင် ဘေးနားမှချထားသည့်ဖုန်းလေးဟာတုန်ခါလာသည်မို့ မျှော်လင့်တစ်ကြီးကြည့်လိုက်တော့ အသဲပုံတစ်ခုတည်းသာမှတ်ထားသည့် နံပါတ်လေး။
မျက်နှာငယ်လေးဖြင့် မိဘနှစ်ပါးအားကြည့်လိုက်တော့ ထမင်းစားနေရင်းမို့ကိုင်စေချင်ပုံမရပေ။
"ယိမ်းလေးဆီကလား သွားကိုင်ချင်ကိုင်လေ။ ပြီးမှဆက်စားဟုတ်ပြီလား။"
နေ့ ပုံစံအားရိပ်မိနေသောမာမီဟာအပြုံးလေးဖြင့်ခွင့်ပြုပေးသည်မို့ ဝမ်းသာအားရဖြင့်အခန်းထဲသို့ပြေးတက်လာခဲ့သည်။အနောက်မှာ ဒယ်ဒီတစ်ယောက်ဘယ်လိုကျန်နေခဲ့မှန်းမသိပါ။အပြစ်ပေးမယ်ဆိုရင်လည်းနောက်နေ့မှခံရတာပေါ့လေ။
"ဟယ်~လို ။"
"အင်း။ ဘာလုပ်နေတုန်း။"
နားစည်အတွင်းသို့ နူးညံ့စွာတိုးဝင်လာသောချိုမြမြအသံလေးကြောင့် ရင်ထဲကပူပန်နေသည့်ပလုံးကြီးဟာကျသွားတော့သည်။
ဟူး။တော်ပါသေးရဲ့။ဘာမှမဖြစ်လို့။
"အိမ့်ဆုနော်သော် တို့မေးတာကြားရဲ့လား။"
"အာ ဘာမေးလိုက်တာလဲဟင်။"
"ဘာလုပ်နေတာလဲလို့ မေးတာလေ။ တကယ်မကြားဘူးလား။"
"ဟီး မကြားလိုက်ဘူး။ အစ်မရဲ့" အင်း ဘာလုပ်နေတုန်း" ဆိုတဲ့စကားလေးငါးလုံးနဲ့တင်ကို ဒီလူသေလို့ရနေပြီသိရဲ့လား။ အရမ်းပြုစားနိုင်တာဘဲ ။အရမ်းလည်းလွမ်းတယ်။"
"ကလေးကလားစကားတွေ။ ဘယ်စာအုပ်ထဲကကျက်လာတာလဲ။"
ဖုန်းထဲကနေ တစ်ခစ်ခစ်ရယ်ကာလှောင်သလိုပြောနေသည့် အစ်မ ကြောင့်မျက်ခုံးတွေတွန့်ကွေးပစ်လိုက်မိသည်။
"ဟွန်း ဒီစကားတွေက နေ့ နှလုံးသားကနေတိုက်ရိုက်လာတာပါနော်။အကယ်၍စာအုပ်ထဲကနဲ့တူနေရင်လည်းcopyပေါ့လေ။ဒါပေ
မယ့် ရင်ထဲကလာတဲ့တကယ်အစစ်အမှန်တွေဆိုတာတော့ယုံစေချင်တယ်။"
YOU ARE READING
အချစ်၏ဟန်ပန်-𝑻𝒉𝒆 𝑺𝒕𝒚𝒍𝒆 𝑶𝒇 𝑳𝒐𝒗𝒆(Complete)
Poetry"ပရော်ပရည်စကားတွေပြောမယ်ဆို တို့လက်ခံစကားမပြောဘူးနော်" "အစ်မကလည်း ကိုယ့်ရဲ့ဇနီးလောင်းကိုတောင်ပြောလို့မရဘူးလား"? "အိုး တော်ပြီ မင်းပြန်လိုက်တော့"!!