ယိမ်း၏ပန်းကန်ထဲသို့ ထည့်ပေးလာသော ဟင်းတွေကလည်း အပြည့်ပင်။ ဒါကိုပင်ထပ်ထည့်ပေးရန်လက်လှမ်းနေသူကြောင့် ယိမ်း ဆူလိုက်တော့မှ ငြိမ်ကျသွားသည်။

"အစ်မ "

လာပြန်ပြီ။ဒီကလေးဟာလေ အရင်ဘဝက သာလိကာများဝင်စားထားသလားမသိ။ စကားကိုများလွန်းတယ်။ ယိမ်း ထမင်းစားနေရင်းမှ မျက်ခုံးပင့်ပြလိုက်သည်။

"ပြော "

"ဟိုလေ ထမင်းစားပြီးရင် နေ နဲ့ coupleပုံသွားရိုက်သွားကြမယ်လေ "

"ဟင် မရိုက်ချင်ပါဘူး တို့အလုပ်တွေရှိသေးတယ် "

"အစ်မကလည်း ‌ရိုက်ရအောင်ပါ‌ေနာ် ယောက္ခမကိုလည်းတစ်ခါတည်းခွင့်တောင်းခဲ့ပြီးပြီ"

"အို မာမီခွင့်ပြုတိုင်း တို့ကရိုက်ရမှာလား မရိုက်ဘူးဆို မရိုက်ဘူးဘဲနော် အိမ့်ဆုနေသော် "

"ဟုတ် ဒါဆိုလည်း အစ်မသဘောပါ "
wedding နေ့မှဘဲရိုက်တော့မယ်နော် "

သူ့အပြောကို ယိမ်း ပြန်မဖြေမိပေ။ အရေးမစိုက်စွာ ထမင်းကိုသာဆက်စားနေလိုက်သည်။ နေ့လည်ဘက်တွေဆို အိမ်ထမင်းအိမ်ဟင်းနှင့်ဝေးနေသူမို့ အတော်လေး စားလို့မြိန်သည်။ ‌ထမင်းသိပ်မကုန်သည့် ယိမ်းက အခုဆိုလျှင် ပန်းကန်ပြားတစ်ချပ်တောင်ကုန်လုနီးပါ ဖြစ်နေသည့်အထိပင်။ မဆီမဆိုင် ရှေ့ကကလေးစုတ်ကိုပင် ကျေးဇူးတင်ရမလိုလို။ သူ့ကြောင့်ဘဲ ယိမ်းဒီလိုအရာသာရှိရှိနဲ့မြိန်‌ေရယှက်‌ေရသုံးဆောင်ရတာမဟုတ်လား ၊ ဘာဘဲဖြစ်ဖြစ် သူယူလာခဲ့ပေးလို့လေ။
အင်း ဒီလိုသာ နေ့တိုင်းစားရရင် ဘယ်လောက်ကောင်းလိုက်မလဲ ၊ အို ငါဘာတွေလျှောက်တွေးမိပါ့လိမ့်။ (ဆိုလိုချင်က နေ့တိုင်း ထမင်းလာပို့ပေးရင် ဘယ်လောက်ကောင်းလိုက်မလဲလို့ပေါ့နော် 🤭)သူ့ဘာသူတွေ့ကာ မျက်နှာလေးမှာနီမြန်းလာလေပြီ။ဒါကိုပင် အရှေ့က ကလေးကဘယ်လိုထင်သွားသည်မသိ။ အတင်း ပျာယာ‌ေတွခတ်ကာယက်တောင်လာရမ်းပေးတော့သည်။

"အစ်မ အလက်ဂျစ်ဖြစ်တာလား မသိဘူး
ဘယ်ဟာနဲ့မတည့်လို့လဲ ဟင် မျက်နှာတွေနီရဲလို့ အစ်မရယ် နေ ဆရာဝန် ခေါ်လိုက်..."

အချစ်၏ဟန်ပန်-𝑻𝒉𝒆 𝑺𝒕𝒚𝒍𝒆 𝑶𝒇 𝑳𝒐𝒗𝒆(Complete)Tempat cerita menjadi hidup. Temukan sekarang