သေချာသည်။ နေ ဟာ အစ်မပေါ်ကိုတကယ်ချစ်မိသွားခဲ့သည်။
ရှေ့လျှောက် အစ်မဆိုတဲ့ လူသားလေးအတွက် နေ ဟာအရှုံးသမားဖြစ်ပေးမည်။ အစ်မ ၏အချစ်ကျေးကျွန်လေး ဖြစ်ပေးမည်။ အစ်မ အလိုရှိသည့်အရာတိုင်း မဖြစ်မနေ လိုက်လုပ်ပေးမည်။ နေ ဟာအဲ့သည့်လောက်တောင် အစ်မ ကိုချစ်မြတ်နိုးပါသည်။

ဘွား၏ အိမ်သို့ နေ တို့ကားလေးဝင်လာတော့ အရင်းဆုံးကလေးတွေ၏စာကျက်သံတွေဟာ နားစည်အတွင်းသို့တိုးဝှေ့သည်။

ကားရပ်လိုက်ပြီး နေ အပြေးလေးဆင်းလိုက်ကာ အစ်မကိုတံခါးဖွင့်ပေးလိုက်သည်။ ထို့နောက် အရင်ဆုံး မြင်လိုက်ရသည်ကား ဒေါက်မြင့်ဖိနပ်ပန်းရောင်လေးနှင့်ခြေဖမိုးဖြူဖြူလေးဟာ အရင်ဆုံး မြေပေါ်မှာခြေချသည်။ နေ ထိုအရာကိုကြည့်ရင်း ရင်ဘက်ကိုလက်ဖြင့်အမြန်ဖိလိုက်ရသည်။ ခပ်မြင့်မြင့်ဒေါက်မြင့်ဖိနပ်လေးဟာ နေ့ ၏အသည်းနှလုံးကိုတစ်ဖြည်းဖြည်းထိုးစိုက်နေသလိုပင်။

"အို ဖယ်ပေးအုံးလေ မင်းကပိတ်ရပ်နေတော့ တို့ဘယ်လိုဆင်းလို့ရမလဲ "!

ကားထဲမှ ထွက်ပေါ်လာသည့်အသံခပ်ဆတ်ဆတ်ကလေးကြားမှ နေ လန့်ကာ ဖယ်သို့အမြန်ဖယ်ပေးရသည်။

ထိုအခါမှ ခပ်တည်တည်ဖြင့် ဆင်းလာလေသည်။

နေတို့ကားထဲမှ ဆင်းဆင်းခြင်း ကလေးတွေဟာတစ်ဟုန်ထိုးပြေးလာကြသည်မို့ နေ ပြုံးမိလိုက်သည်။ ဒီကလေးတွေဟာလေ တီတီ့ကိုပင်မကြောက်မရွံ့ ပြေးလာကြပြန်ပြီ။အရင်တစ်ခါကလည်း တီတီဆူတာခံရပြီးပြီ။ဒါလည်းအမှတ်မရှိကြဘူး အဟွန်း။

"မမနေနေ အဲ့မမက ဘယ်သူလဲဟင် အရမ်းလှတာဘဲ "

"မမနေနေ လက်မထပ်သေးဘူးလား ဟင်
ရေခဲမုန့်စားချင်လှပြီ ဟင့်"

"မမနေနေ ဒီမမက မမနေနေနဲ့လက်ထပ်မယ့် မမလားဟင် လှလိုက်တာ "

မမနေနေ မမနေနေနှင့်အက်ကြောင်း ထပ်နေသော နံမည်နှင့် တစ်ယောက်တစ်ယောက်တစ်ခွန်းအတင်းလုကာမေးနေကြသည့်ကလေးတစ်သိုက်ကြောင့် ဘေးနားမှာရပ်‌ေနသည့်အစ်မကိုမဝံ့မရဲလေးကြည့်မိပါသည်။

"မမနေနေလို့ "

'ဟင့် မမနေနေ ဒီမမကို မမနေနေမယူတော့နဲ့ သားကြီးလာရင် ယူချင်လို့"

အချစ်၏ဟန်ပန်-𝑻𝒉𝒆 𝑺𝒕𝒚𝒍𝒆 𝑶𝒇 𝑳𝒐𝒗𝒆(Complete)Where stories live. Discover now