'နွဲ့ရေ  ဧည့်သည်တွေမ‌ေရာက်လာကြသေးဘူးလားကွ '

"မရောက်လာသေးဘူး အကိုရေ
ဟော ခြံရှေ့မှာကားသံကြားတယ် လာကြပြီထင်တယ်"

ဒယ်ဒီအားလှမ်းပြောနေရင်းမှ ခြံရှေ့ကကားသံကြားလိုက်ရသည်။ထိုသည်နှင့်"သူတို့လာပြီ'ဟုဆိုကာ နှစ်ယောက်စလုံးပြာယာခတ်နေလေ၏။ မာမီကလည်း မီးဖိုခန်းထဲဝင်သွားသလို ဒယ်ဒီကတော့ ဆိုဖာခုံ‌ပေါ်မှာ မိန့်မိန့်ကြီးနေရာဝင်ယူသည်။

ခေါင်းငဲ့ကာ အိမ်ပေါက်ဝသို့လှမ်းကြည့်မိတော့

ကားထဲမှဦးစွာထွက်လာသည်က ပန်းဆုနေသော်ဖြစ်နေလေသည်။ ယိမ်း ပြုံးလိုက်ရင်း ပန်းကိုထွက်ကြိုဖို့ရာထလိုက်သည်။ စိတ်ထဲမှလည်း ဒယ်ဒီတို့ဧည့်သည်မှားပြီ ဟု‌ဆိုမိ၏

"ဒယ်ဒီတို့ဧည့်သည်မဟုတ်ပါဘူး ယိမ်းဧည့်သည်ပါ လာလေ ပန်း "

ဒယ်ဒီအား ပြောလိုက်ရင်း တစ်ဆက်တည်း ပန်း ကိုပျူငှာစွာလှမ်းခေါ်မိသည်။ ထိုစဉ် အသီးသီး ကားထဲမှထွက်လာကြသော ပန်း၏မိဘနှစ်ပါး ကိုမြင်တော့ ယိမ်း ကြောင်သွားရသည်။ ပန်း၏ မိဘတွေက ဘာကိစ္စကြောင့်များပါလာရသလဲ ဟုစဉ်းစားနေရင်း ကားထဲမှထွက်လာသည့် နောက်တစ်ယောက်ကြောင့် အတောင့်လိုက်စုံရပ်‌ေနမိ၏ ထိုသူက ပန်း၏နှစ်ယောက်မရှိသော ညီမလေးအိမ့်ဆုနေသော် ။

"ဟဲဟဲ "

အိမ်ပေါက်ဝမှာရပ်နေသည့်ယိမ်းကိုမြင်တော့ သွားကြီးအသကုန်ဖြဲပြသည်။

"ရောက်လာကြပြီလား လာဗျာ ကျွန်တော်တို့အိမ်ကနေကြိုဆိုပါတယ်ဗျာ "

အနောက်မှ ဟိတ်ဟန်အပြည့်နှင့်ထိုင်နေသောဒယ်ဒီဟာ ထကာ ပြုံးရယ်စွာစီးကြိုသည်။ ပန်း၏မိဘတွေဟာအိမ်ထဲသို့ရောက်သွားသော်လည်း ယိမ်းတို့သုံးယောက်ကတော့ ရပ်နေကြဆဲပင်။

ပန်းတို့မိသားစုက ဘယ်လိုဖြစ်လို့ရောက်လာကြသလဲ ဟုထပ်တစ်လဲလဲစဉ်းစားမိ၏
ထိုစဉ်ကားနောက်ဖုံးထဲမှ ခြံစောင့်ဉီးလေး မ သွားသော အုန်းပွဲငှက်ပျောပွဲတွေကိုကြည့်ရင်း ဘယ်လိုမှစဉ်းစားလို့မရနိုင်ပေ။

"အဟမ်း တို့ညီမနှစ်ယောက်ကိုအိမ်ထဲမခေါ်တော့ဘူးလား ယိမ်း "

အချစ်၏ဟန်ပန်-𝑻𝒉𝒆 𝑺𝒕𝒚𝒍𝒆 𝑶𝒇 𝑳𝒐𝒗𝒆(Complete)Where stories live. Discover now