Extra- 1

2.9K 382 3
                                    

Unicode

တနင်္လာနေ့ရဲ့ ရာသီဥတုက အံ့မခန်းပါပဲ။ ရှယုရှန့်သည် ပိတ်ရက်အနားယူပြီးနောက် လန်းဆန်းသွားခဲ့သည်။ အားအင်များပြည့်နှက်နေကာ 'ဥပဒေပြုအဖွဲ့သုံး' ဟူသော ဆိုင်းဘုတ်ချိတ်ထားသော တံခါးကို တွန်းဖွင့်လိုက်သည်။

"မောနင်း!"

"မင်္ဂလာနံနက်ခင်းပါ ကပ္ပတိန်ရှ!"  "မင်္ဂလာနံနက်ခင်းပါ!"  "မင်္ဂလာမနက်ခင်းပါ ကပ္ပတိန်ရှ!"

တက်ကြွသောအဖွဲ့သားများအပြင် ညဘက်တာဝန်ကျသည့်အဖွဲ့ဝင်များပါ အိပ်ငိုက်နေသော မျက်လုံးများဖြင့် ရှယုရှန့်ကို နှုတ်ဆက်ရန် တယောက်ပြီးတယောက် မတ်တပ်ရပ်လိုက်ကြသည်။

ရှယုရှန့်က သူတို့ကို လက်ပြနှုတ်ဆက်ပြီး အထဲက ကုတင်ပေါ်မှာ အနားယူဖို့ တာဝန်ကျဝန်ထမ်းကို ပြောလိုက်သည်။ ထို့နောက် သူ့စားပွဲမှာထိုင်ပြီး ခုံပေါ်တွင်ရှိသော စာရွက်စာတမ်းများကို ဖွင့်ကြည့်လိုက်သည်။

လပတ်အသစ် ထပ်မံစတင်ပါတော့မယ်!

ရှယုရှန့်သည် ဥပဒေပြုအဖွဲ့သုံးတွင် ငါးနှစ်နီးပါးရှိနေပြီဖြစ်သည်။ မူလက စစ်ကျောင်းသားဖြစ်ပြီး ဘွဲ့ယူခါနီး နောက်ဆုံးနှစ်တွင် မတော်တဆမှုတစ်ခုကြောင့် သူ၏ Omegaအဖြစ် အထောက်အထားကို ဖော်ထုတ်ခံခဲ့ရသည်။ ရလဒ်အနေနဲ့ ထုတ်ပယ်မခံရပေမယ့် Mechaမေဂျာကို ၀င်လို့မရတော့တာတော့ သေချာပါတယ်။ နိုင်ငံရေးဌာနကို ရုတ်တရက် ပြောင်းရွှေ့ဖို့ဆိုတာလည်း မဖြစ်နိုင်ပေ။ ပြီးခဲ့သောနှစ်အနည်းငယ်အတွင်း သူ၏ကြိုးစားအားထုတ်မှုများသည် အချည်းနှီးဖြစ်သွားခဲ့သလား?

ဤအခိုက်အတန့်တွင်၊ ဖမ်းဟုန်ဟွေ့သည် တံခါးပေါက်သို့ ရောက်ရှိလာပြီး ရှယုရှန့်အား ဥပဒေပြုအဖွဲ့သုံးတွင် ပါဝင်ရန် အောင်မြင်စွာ ဖိတ်ကြားခဲ့သည်။ ရှယုရှန့်သည် Omegaဖြစ်သော်လည်း၊ သူ၏ တက်ကြွသော ကိုယ်ရည်ကိုယ်သွေးနှင့် လွန်ကဲသော တိုက်ခိုက်ရေးစွမ်းရည်များကြောင့် အဓိကအဖွဲ့ဝင်ဖြစ်လာခဲ့သည်။ လွန်ခဲ့သည့်နှစ်နှစ်တွင် ဖမ်းဟုန်ဟွေ့ ဒုတိယတာဝန်မှ နုတ်ထွက်သွားသောအခါ တတိယအဖွဲ့၏ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သည်။

ဟိုဘက်အ​ဆောင်ကAကငါ့ကိုBဟန်ဆောင်နေတယ်တဲ့ /ဟိုဘက္အဆောင်ကAကငါ့ကိုBဟန်ဆောင်နေတယ်တဲ့Where stories live. Discover now