Ch.(21)

3.1K 610 4
                                    

Unicode

နင်အန်းသည် 'ညီအကိုများ' အဖွဲ့မှ သူ့မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရကြောင်း သေချာသော်လည်း၊ ရှယုရှန့်၏မျက်နှာကို သိသာစွာ မြင်လိုက်ရသည်။ နင်အန်းက သူတို့ ဒုက္ခရောက်အောင် လုပ်မလားဆိုတာကို အထူးအာရုံစိုက်ခဲ့သည်။ ထုံးစံအတိုင်း၊ သူ ဒီကိစ္စအတွက် ချန်စစ်ယွီကို ရှာရမည်။

"ညီအကိုတွေ? သူတို့အရိုက်ခံရတာ မင်းမသိဘူးလား?" ချန်စစ်ယွီက ဒါကိုပြောပြီးတာနဲ့ ကော်ဖီဆိုင်ထဲက လူအနည်းငယ်က သူ့ကို လှမ်းကြည့်လာသည်။ သူသည် ဤလူများကို ကြည့်ပြီး တောင်းပန်စကားဆိုကာ နင်အန်းအား "တိုက်ခိုက်ရေးအတန်းမှာ ကျောင်းသားဖုက သူတို့အားလုံးကို မြေပြင်ပေါ်သို့ လက်တစ်ဖက်တည်းနဲ့ လဲသွားအောင်လုပ်လိုက်တာ" ဟု နင်အန်းအား ပြောလိုက်သည်။

"ဖုခယ်က ဘာလို့ သူတို့ကို တိုက်ရတာလဲ?"

"ငါလည်းမသိဘူး။ ပုဂ္ဂိုလ်ရေးအရ ရန်ငြိုးနေမှာပေါ့” ချန်စစ်ယွီက သူ့ပါးစပ်ကို သုတ်ဖို့ လက်သုတ်ပုဝါကို သုံးလိုက်သည်။ “ဘာပဲဖြစ်ဖြစ် အဲ့ကောင်တွေကအမြဲတမ်း ရိုင်းစိုင်းတယ်။ လူတော်တော်များများကလည်း သူတို့ကို မကြိုက်တော့ ကျောင်းသားဖု လုပ်ခဲ့တာကို လူထုခြိမ်းခြောက်မှုကို ဖယ်ရှားပစ်တယ်လို့ ယူဆလို့ရတယ်။”

'ညီအကိုများ' ၏အနိုင်ကျင့်မှုအောက်တွင် Betaအများအပြားခံစားခဲ့ရသည်။ ဒါပေမယ့် သူတို့ရဲ့ ခွန်အားနဲ့ Alphaတွေရဲ့ pheromonesဖိနှိပ်မှု ကွာခြားချက်ကြောင့် သူတို့ကို အနိုင်မယူနိုင်ခဲ့ဘဲ တိတ်ဆိတ်စွာနဲ့ပဲ ခံစားခဲ့ရသည်။ ထိုလူများအားလုံးကို သင်ခန်းစာပေးလိုက်ကြောင်းကြားတော့ အားလုံးက လက်ခုပ်တီးပြီး ရွှင်မြူးကြသည်။ ဖုခယ်သည် ကျောင်းသားများကြားတွင် ရေပန်းစားမှုလည်း အနည်းငယ် တိုးလာသည်။

"အခုတော့ တိတ်သွားကြပြီ။ လူတောထဲလည်း သိပ်မဝင်လာတော့ဘူး။" ချန်စစ်ယွီသည် သူ၏အသုံးပြုထားသော လက်သုတ်ပုဝါကို အမှိုက်ပုံးထဲသို့ ပစ်ချလိုက်သည်။ “အရင်တုန်းကလို လူရမ်းကားဂိုဏ်းကို ကြည့်တဲ့သူတိုင်း အကာအကွယ်ခပေးရတဲ့ စနစ်မရှိတော့ဘူး။"

ဟိုဘက်အ​ဆောင်ကAကငါ့ကိုBဟန်ဆောင်နေတယ်တဲ့ /ဟိုဘက္အဆောင်ကAကငါ့ကိုBဟန်ဆောင်နေတယ်တဲ့Where stories live. Discover now