Ch.(36)

2.5K 501 24
                                    

Unicode

(T/N: တစ်​ယောက်ယောက်တော့ ရှာလကာရည်သောက်နေပါပြီ)

"ဟယ်လို။ ကျွန်မနာမည်ယွီထောင်ပါ။ ဒီက ချိုးယန်၊ အရင်တစ်ခါကကိစ္စအတွက် ကျေးဇူးတင်ပါတယ်။" နင်အန်းရဲ့ ရှေ့ကလူတွေက မျက်လုံးဝိုင်းဝိုင်းလေးနဲ့ ရှော့ပင်းမောလ်မှာ သူအရင်က တွေ့ဖူးတဲ့ လူငယ်လေးတွေဖြစ်သည်။ အရင်စပြောတာလည်း မိန်းကလေးပင်။

"ဟယ်လို။ ကျွန်တော့်နာမည် ချိုးယန်ပါ။ အရင်တစ်ခါတုန်းကလည်း ကျေးဇူးအများကြီးတင်ပါတယ်။" လူငယ်၏အသံသည် ပျားရည်ကဲ့သို့ နူးညံ့ညင်သာသည်။ သူ ရှက်ရှက်ဖြင့် ခေါင်းငုံ့ထားသော်လည်း အခါအားလျော်စွာ သူ့မျက်လုံးများက နင်အန်းကို လျှိုကြည့်နေသည်။

"မင်္ဂလာပါ ကျွန်တော်က နင်အန်းပါ" နင်အန်းက ပြန်ဆုံတွေ့မိဖို့ မမျှော်လင့်ထားပေ။ ယဉ်ကျေးစွာ လက်ဆွဲနှုတ်ဆက်လိုက်သည်။ “ဒါအသေးအမွှားလေးပါ ကျွန်တော့်ကို ကျေးဇူးတင်နေစရာ မလိုပါဘူး"

"လာထိုင်လေအာ" နင်မုံ့သည် သူတို့ နင်အန်းကို သိပုံရသည်ကို သတိပြုမိပြီး သူနှင့် ဆန့်ကျင်ဘက် ထိုင်ခုံကို ဖယ်လိုက်သည်။ "ဒါကချန်စစ်ယွီတဲ့၊ ဒီကငါ့ကော၊ နင်တို့ အချင်းချင်း သိကြတာလား?"

ယွီထောင်နှင့် ချိုးယန်သည် ချန်စစ်ယွီနှင့် အပြန်အလှန်နှုတ်ဆက်ပြီးနောက် ထိုင်လိုက်သည်။ နင်မုံ့၏မေးခွန်းကိုကြားတော့ ယွီထောင်သည် ထိုနေ့၏အဖြစ်အပျက်များကို စတင်ဖော်ပြခဲ့သည်။ သူတို့ ဘယ်လောက်ထိ စိတ်တိုသလဲ၊ Alpha က ဘယ်လောက်တောင် ရက်စက်သလဲ၊ နင်အန်း ဘယ်လောက်သတ္တိရှိသလဲ။

“…… သူကတကယ့်ကို ကယ်တင်ရှင်ဘုရားသခင်လိုပဲ”  ယွီထောင်က ဒီစာကြောင်းနဲ့ အပြီးသတ်လိုက်သည်။

နင်မုံ့က အတော်လေး အံ့အားသင့်သွားပြီး နင်အန်းကို မယုံကြည်နိုင်စွာ မော့ကြည့်လိုက်သည်။ ယွီထောင် ခုနကပြောခဲ့တဲ့လူက သူမအစ်ကိုလား?

“အဲလောက်ကြီးလည်းမဟုတ်ပါဘူး၊ လမ်းကြုံသွားရုံတင်ပါ၊ တခြားလူတွေလည်း ဒီလိုပဲ လုပ်ကြမှာပဲ” နင်အန်းသည် နင်မုံ့၏ ပူလောင်သောအကြည့်ကို တားဆီးရန် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ "ဘာမှကြီးကြီးမားမားတော့ မဟုတ်ပါဘူး"

ဟိုဘက်အ​ဆောင်ကAကငါ့ကိုBဟန်ဆောင်နေတယ်တဲ့ /ဟိုဘက္အဆောင်ကAကငါ့ကိုBဟန်ဆောင်နေတယ်တဲ့Where stories live. Discover now