Ch.(19)
3.2K 589 10
Unicode
နေဝင်ရီတရောအချိန်သည် နေ့ရောညပါ ရောယှက်နေသည့်အချိန်ဖြစ်သလို နတ်ဆိုးများ သောင်းကျန်းသည့်အချိန်လည်းဖြစ်သည်……အယ်လီနာ ပြောပြသော ပုံပြင်များသည် အားလုံးမှန်ပါသည်။ ရှည်လျားသောစင်္ကြံသည် အဆုံးမဲ့နေပုံရပြီး တူညီသောပြတင်းပေါက်မှနေရောင်မှိန်ဖျော့ဖျော့ ဖြတ်သန်းသွားသည်။ သူ့နောက်တွင် မဆုတ်မနစ် လိုက်နေသည့် အမှောင်ထုသည် သူ့ခြေထောက်များကို တုန်နေသော်လည်း နင်အန်းသည် ထိုအမှောင်ထဲသို့ လှည့်ကြည့်နေဆဲပင်။ အဲ့အရာ နင်မုံ့ကို မထိစေရဘူး။ လုံးဝ..
"နင်အန်း၊ နင်အန်း?"
နင်အန်းသည် သူ၏ပါးပြင်ပေါ်မှ နာကျင်မှုကြောင့် နိုးလာသည်။  သူ မျက်လုံးဖွင့်ကြည့်လိုက်တော့ ဟယ်ရှင်း၏ မျက်နှာသည် သူ့ရှေ့တွင် ကျယ်လာသည်ကို တွေ့လိုက်ရသည်။ နင်အန်းသည် သူ့အသံကို နောက်ဆုံးတွင် ပြန်မရမီတွင် နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြသည်။
"ဟယ်ရှင်း?" နင်အန်းသည် ဆေးကုခန်း၏အစွန်းကို ကိုင်ကာ ဆင်းလာခဲ့သည်။ အပြာရောင်ဂျယ်လီကဲ့သို့ အရည်များသည် သဲလွန်စမကျန်ဘဲ သူ့ခန္ဓာကိုယ်ပေါ်မှ စီးဆင်းသွားသည်။ "ငါ ဘာဖြစ်သွားတာလဲ?"
“ငါတို့လည်း မေးချင်နေ​တာ။ ကျောင်းသားဖုက မင်းကို ဒီကို ခေါ်လာတုန်းက မင်းလုံးဝ သတိလစ်နေတာ။ အခြေအနေက ထိန်းချုပ်လို့မရတော့လို့ မင်းကိုသတိမေ့အောင်လုပ်လိုက်တာလို့တော့ သူပြောတယ်။ တကယ်ပဲ ရှယုရှန့်နဲ့ ရန်ဖြစ်တုန်းက ဘာတွေဖြစ်ခဲ့တာလဲ။" ချန်စစ်ယွီအနားရောက်လာပြီး “ဆေးကုပြီးသွားပေမယ့် မင်းကမနိုးလာသေးဘူး။ မင်းတစ်ခုခု ဖြစ်သွားမှာ ငါတို့ကြောက်သွားတာ။"
"တောင်းပန်ပါတယ် မင်းတို့ကို စိတ်ပူအောင်လုပ်မိတာ။" နင်အန်းသည် သူ့အဝတ်အစားများကို ဖြောင့်တန်းလိုက်သည်။ "ငါ မရှုံးဘူး မဟုတ်လား? ငါသိပ်မမှတ်မိဘူး။ ဖုခယ်က ငါ့ကိုဒီကို ခေါ်လာတယ်လို့ ပြောတာလား?
“ဟုတ်တယ်အာ။ မင်းကို အပြင်းအထန်ရိုက်ခဲ့တာ ရှယုရှန့်လို့ ငါထင်ခဲ့ပေမဲ့ အခုမင်းခေါင်းကို တကယ်ထိသွားတာလားလို့ တွေးမိတယ်။ မင်းဘာလို့ ဘာမှမမှတ်​မိရတာလဲအာ?"