Ch.(18)

3K 614 4
                                    

Unicode

ထိုအချိန်တွင် တိုက်ပွဲစင်မြင့်ကို ဝန်းရံထားသည့် ကျောင်းသားများက စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေကြပြီး အားလုံး တိတ်ဆိတ်သွားကြသည်။ ဒီအတိုင်းဆက်သွားရင် တစ်ယောက်ယောက် သေသွားနိုင်သည်။

"ဆရာကိုခေါ်။"

"တစ်ယောက်ယောက် ဆရာ့ကိုခေါ်ကြ။"

အစပိုင်းတွင် တီးတိုးအဆိုပြုချက်တစ်ခုသာဖြစ်သော်လည်း အသံများပိုမိုကျယ်လောင်လာကာ နောက်ဆုံးတွင် တစ်စုံတစ်ဦးသည် စစ်သင်တန်းဆရာကို ခေါ်ရန်လေ့ကျင့်ရေးကွင်းမှ ထွက်ခွာသွားခဲ့သည်။

ဒီကလေးက ဘာလို့မလဲသေးတာလဲ? ရှယုရှန့်က မြန်မြန်ဆန်ဆန် ပြီးအောင်လုပ်ရတာကို သဘောကျသည်။ ဒီလို စိတ်ရှုပ်စရာလူကို ပထမဆုံးအကြိမ် ကြုံခဲ့ရတာပါ။ သူ့ရဲ့ စိတ်ရှည်သည်းခံမှု ကုန်ဆုံးသွားတော့ မခံနိုင်တော့ပေ။

“…… သွားသေလိုက်” ရှယုရှန့်​က နင်အန်းရဲ့ နားထင်ကိုမှန်းပြီး သူ့ရဲ့နောက်ဆုံးရ ခွန်အားကို အားထည့်လိုက်သည်။

"ရပ်စမ်း" ရှယုရှန့်၏ လက်သီးကို ဒဲရစ်က ဆုပ်ကိုင်လိုက်ပြီး သူ့တစ်ကိုယ်လုံးကို ဘေးသို့ ဆွဲထုတ်လိုက်သည်။ သူ့ကိုယ်သူ တည်ငြိမ်အောင် မထိန်းနိုင်ခင်မှာပဲ သူလန့်သွားသည်။

ဒါပေမယ့် နင်အန်းကတော့ အရူးတစ်ယောက်လို ရှေ့ဆက်သွားချင်နေသေးသည်။ သူ့ဘေးနားမှာရပ်ရင်း၊ ဖုခယ်က သူအပြုအမူကို သတိပြုမိပြီး ထိန်းကိုင်ပေးလိုက်သည်။ နင်အန်းက သူ့လက်ထဲမှာ ရုန်းကန်၊ ကန်ကျောက်ပြီး သူ့လက်ကိုတောင် သွားနှင့်ကိုက်ရန် ကြိုးစားသည်။ ဖုခယ်က သူ့တိုက်ချက်ကို အနည်းငယ်ရှောင်ခဲ့ပေမယ့် အနည်းငယ်တော့ ထိသွားသည်။

"ဝို့" အရမ်းပြင်းတယ်။ ဖုခယ်သည် နင်ခန်း၏လည်ပင်းနောက်ကို ဖြတ်မရိုက်လိုက်ခင် တောင်းပန်စကားဆိုခဲ့သည်။  နင်အန်းသည် ခပ်တိုးတိုး မောဟိုက်ကာ သူ့ရင်ခွင်ထဲတွင် လဲကျသွားသည်။ ထို့နောက် ဖုခယ်ကသူ့ကို ပွေ့ဖက်ကာ ဆေးကုခန်းဆီသို့ လျှောက်သွားသည်။

"ကျောင်းသားရှ မင်းအဆင်ပြေရဲ့လား? ဆေးခန်းသွားဖို့ လိုသေးလား?"

ဟိုဘက်အ​ဆောင်ကAကငါ့ကိုBဟန်ဆောင်နေတယ်တဲ့ /ဟိုဘက္အဆောင်ကAကငါ့ကိုBဟန်ဆောင်နေတယ်တဲ့Where stories live. Discover now